Connect with us

Culture & Entertainment

သြင်္ကန်ကာလ မူးယစ်ဆေးဝါး အန္တရာယ်သတိပြုရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်

သင်္ကြန်ရေပက်ခံကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မဟာသြင်္ကန် ကာလအတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သတိပြုရန် နှိုးဆော်ချက် ၅ချက်အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ထိုနှိုးဆော်ချက်များမှာ ၁။ ရေပက်ခံကားယာဉ်မောင်းသူများ အရက်သေစာသောက်စားထားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး တားမြစ်ကြပါရန်။

၂။ မူးယစ်ဆေးဝါးများ၊ စိတ်ပြောင်းဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများနှင့် တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးတို့ဖြင့် တရားမဝင်ရောက်ရှိလာ သည့် ကာမဆန္ဒနှိုးဆွစေသောဆေးဝါးများအား မိမိကိုယ်တိုင် သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြပါရန်နှင့် မြှူဆွယ်တိုက်ကျွေး၍ အန္တရာယ်ပေးနိုင်သည်ကိုလည်း သတိပြုဆင်ခြင်ကြပါရန်။

၃။ တာဝန်သိပြည်သူတစ်ယောက်ချင်းအနေဖြင့် မိမိတို့နိုင်ငံ၊ လူမျိုးတို့ အမြတ်တနိုးတန်ဖိုးထားသည့် အတာသြင်္ကန်ပွဲတော် မညစ်နွမ်းစေရန် မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးနှင့် အခြားအန္တရာယ်ရှိသော ဆေးဝါးများ၊ ကာမဆိုင်ရာဆေးဝါး သုံးစွဲရောင်းဝယ်မှုများ တွေ့ရှိပါက အနီးဆုံးလုံခြုံရေး အဖွဲ့အစည်းများထံ သတင်းပေးပို့တိုင်ကြားကြပါရန်။

၄။ အတာသြင်္ကန်ကာလအတွင်း လူငယ်များသည် ရိုးရာသြင်္ကန်ကို အရိုးရှင်းဆုံး ပုံစံဖြင့် ပျော်ရွှင်စွာဆင်နွှဲကြပါရန်၊ အရက်မှအစပြု၍ မူးယစ်ဆေးဝါးအပါအဝင် အဆန်းထွင်သုံးစွဲ အပျော်လွန်ကျူးလျှင် ဘေးအန္တရာယ်များနှင့်ကြုံတွေ့ရမည်ကို သတိပြုကြပါရန်။

၅။ မြန်မာ့ရိုးရာ အတာသြင်္ကန်ကာလအတွင်း လူသစ်စိတ်သစ်ဖြင့် နှစ်သစ်ကူး ကာလကို ဘေးကင်းစွာနှင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြစေရန်အတွက် ရပ်မိရပ်ဖများ၊ မိဘအုပ်ထိန်းသူများနှင့် မဏ္ဍပ် တာဝန်ခံများ ဝိုင်းဝန်းထိန်းသိမ်း၍ ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန်ဟူ၍ သတိပေးနှိုးဆော်ချက်ထဲတွင် ပါရှိသည်။ (Xinhua)