Connect with us

Culture & Entertainment

မယ်ကမ္ဘာမြန်မာ ပြိုင်ပွဲ ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဇွန်လ၁ဝ ရက်တွင် ကျင်းပ

ဆန်ခါတင်ပြိုင်ပွဲဝင် အလှမယ် ၂ဝ အား စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင်တွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မယ်ကမ္ဘာမြန်မာ ပြိုင်ပွဲ ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဇွန် လ၁ဝ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Channel-7 နှင့် Forever Bec-Tero တို့က ပူးပေါင်း စီစဉ်တင်ဆက်သည့် စတုတ္ထအကြိမ်မြောက် Miss Myanmar World 2017 အတွက် ရွေးချယ်ထားသော ဆန်ခါတင်ပြိုင်ပွဲဝင် အလှမယ် ၂ဝ အား စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ ၄ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါ အလှမယ်များအနေဖြင့် လုပ်ဆောင်ချက်များကို Miss Myanmar World Organization နှင့်အတူ နှစ်လအကြာ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပြီး သရဖူဆုရရှိသည့် အလှမယ်မှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် နိုင်ငံတကာအလှမယ်များနှင့် သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

ဆုကြေးများအနေဖြင့် Winner (သရဖူ) ရရှိသူအား ဆုကြေးငွေ သိန်းတစ်ရာနှင့်အတူ Forever Gems by Shwe Nan Daw မှ အမေရိကန်ဒေါ်လာ ၂၅ဝဝဝ တန် သရဖူနှင့် Air Asia မှ အမေရိကန်ဒေါ်လာ ၁၇,ဝဝဝ တန်ဖိုးရှိ ခရီးသွားလာခွင့်လက်မှတ်များကို ရရှိမည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲ၏ လှုပ်ရှားမှုများကို Channel-7 ရုပ်သံလိုင်းမှ မေ ၂ဝ ရက်မှ ဇွန် ၄ ရက်အထိ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တွင် ည ၇ နာရီခွဲမှ ၈ နာရီ ၁၅ မိနစ်အထိ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.