Culture & Entertainment
ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ရုပ်ပြပွဲတော်ကြီး ကျင်းပမည်
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ရုပ်ပြ ပွဲတော်ကြီး ကို စက်တင်ဘာ ၂၀ ရက် မှ ၂၂ ရက်အထိ Yangon Book Plaza ၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပွဲတော်တွင် ဆွေးနွေးဝိုင်းများ၊ ရုပ်ပြဆိုင်ရာ ဆက်စပ်လုပ်ငန်းများ၊ ဂိမ်း၊ Animation လုပ်ငန်းများစွာတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရုပ်ပြပွဲတော်ကို Myanmar Comic Network က စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ပွဲတော်တွင် ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်ပြလုပ်ငန်းဖြစ်သည့် Mr.Blue (Myanmar) ၊ Huion Myanmar ၊ Joosk Studio ၊ Pencell Studio ၊ Studio Puppeteer ၊ Sticker 4 U ၊ Tea animation Studio ၊ White Marak Comics Studio ၊ Amalon တို့ ပါဝင်ကြကြောင်း၊ ပွဲတော်အတွက် မီဒီယာများအနေဖြင့် လာရောက် သတင်းရယူနိုင် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)