Connect with us

Culture & Entertainment

ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီး ရန်ကုန်တွင် ဖွင့်လှစ်မည်

ရေလှိုင်းတု အပန်းဖြေစခန်း နမှုနာပုံစံ (ဓာတ်ပုံ- Yangon Waterboom Facebook)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရှုခင်းသာ မြေနေရာတွင် UMG စီးပွားရေး လုပ်ငန်းစုက ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို ၂ဝ၁၆ ခုနှစ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးသို့ လာရောက်သူများသည် ကမ်းခြေတွင် ရောက်ရှိနေသကဲ့သို့ ခံစားရမည် ဖြစ်ပြီး ရေလှိုင်းတုများ စီး၍ အပန်းဖြေခြင်း၊ ရိုလာကိုစတာများ၊ ချားရဟတ်များ စသည့် အပန်းဖြေ ဆော့ကစားသည့် ဝန်ဆောင်မှုများ အပါအဝင် ကမ်းခြေ တစ်ခုတွင် အပန်းဖြေသည့် ဖျော်ဖြေမှု၊ ဝန်ဆောင်မှု များကို ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း UMG စီးပွါးရေးလုပ်ငန်းစုမှ သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

သာကေတ ရှုခင်းသာ မြေနေရာတွင် တည်ဆောက်လျက် ရှိသည့် ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို နိုင်ငံတကာ စံချိန်မီ တည်ဆောက် သွားမည် ဖြစ်ပြီး ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို ပြည်သူများ အပြင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် အပန်းဖြေနိုင်ရန် အတွက်ပါ ရည်ရွယ်၍ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီး၌ လာရောက် အပန်းဖြေသူများ အနေဖြင့် ကမ်းခြေအစစ် တစ်ခုတွင် လာရောက် အပန်းဖြေ နေရသကဲ့သို့ လတ်ဆတ်သော ပင်လယ်စာများ စားသုံးနိုင်ရန် ပင်လယ်စာ ရောင်းချမည့်စားသောက်ဆိုင် ကြီးများလည်း ဖွင့်လှစ်သွားမည် ဖြစ်ပြီးအဆိုပါ ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို တည်ဆောက် ရာတွင် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများကို ပြည်ပ နည်းပညာရှင် တချို့က ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)