Connect with us

Culture & Entertainment

အင်းဝ မြို့ရိုးအား တူးဖော်မှုများ ပြီးစီးသွားပါက ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင်သွားမည်

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရှေးဟောင်း မြို့တော် အင်းဝ၏ မြို့ရိုး တစ်စိတ် တစ်ဒေသ ကိုတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် ဥတည်ကျေးရွာ အနီးရှိ အင်းဝ မြို့ရိုးအား တူးဖော်မှု များကို မူလ လက်ရာ မပျက်စေရန် အုတ်ခုံ၏ မူလလက်ရာ အတိုင်း အစားထိုး စနစ်ဖြင့် လုပ်ဆောင်လျက် ရှိပြီး ပြီးစီးသွား ပါက UNESCO မှ သတ်မှတ် ထားသော အချက်အလက် များဖြင့် ရှေးဟောင်း အမွေအနှစ် စာရင်းဝင် စေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး) မှ သတင်း ထုတ်ပြန်သည်။

အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုး အတွင်းရှိ အင်းဝ နန်းတော် အုတ်ခုံများ ပြန်လည် တူးဖော်မှု များကို စက်တင်ဘာလမှ စတင်ခဲ့ပြီး အောက်တိုဘာ လကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ လက်ရှိ တူးဖော်နေသော အုတ်ချပ်များမှာ ကုန်းဘောင် ခေတ်ဦးနှင့် ကုန်းဘောင် ခေတ်လယ်ပိုင်းမှ အုတ်ချပ် လက်ရာများ ဖြစ်ပြီး ကျင်းရှည် စနစ်ဖြင့် တူးဖော်ခြင်း ဖြစ်ကာ တူးဖော်ပြီးသော အုတ်ရိုး အမြင့်မှာ သုံးပေမှ ရှစ်ပေခွဲ အထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် အင်းဝ မြို့ရိုး အတွင်း၌ ရှေးဟောင်း အဆောက်အအုံ ပေါင်း ၇၈ ခုရှိပြီး လူနေ အဆောက်အအုံ ၂ဝဝ နှင့် ဘုန်းကြီးကျောင်း ခုနစ်ကျောင်း ရှိကာ အင်းဝ နန်းတော် အုတ်ခုံ၏ အကျယ်အဝန်းမှာ အရှေ့ အနောက် အရှည်ပေ ၁,၄၈ဝ နှင့် တောင်မြောက် အရှည်ပေ ၁,၁ဝဝ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.