Culture & Entertainment
ရှေးဟောင်းပြတိုက် နှင့် ယဉ်ကျေးမှု အထိမ်းအမှတ် နေရာများ၌ လုံခြုံရေး တိုးမြှင့်မည်
ရန်ကုန်၊နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ရှေးဟောင်း ပစ္စည်းများကို နည်းလမ်း အမျိုးမျိုးဖြင့် ပြည်ပသို့ တရားမဝင် ခိုးထုတ် မှုများရှိနေ သဖြင့် ဒီဇင်ဘာလမှစပြီး မန္တလေး မြို့အပါအဝင် ယဉ်ကျေးမှု အမွေအနှစ် များစွာ ရှိသည့် နေရာဒေသများ၌ လုံခြုံရေးများ ပိုမိုတိုးမြှင့်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တာဝန် ရှိသူ တစ်ဦးကပြောသည်။
လက်ရှိ မန္တလေး ဗားကရာကျောင်းတိုက်တွင် ထိန်းသိမ်း ပြသထားသည့် ပေစာထုပ် များ ခိုးယူခံရ ပြီးသည့် နောက် ပြည်တွင်းမှာရှိသည့် ရှေးဟောင်း ပစ္စည်း အမွေအနှစ်များအား လုံခြုံရေး ပိုမိုတင်း ကျပ်ရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာ ဒေသ အသီးသီးတွင် ရှိသည့် ဌာနများမှ တစ်ဆင့် အကူအညီ တောင်း၍ လုံခြုံရေးများ တိုးမြှင့်ရန် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ထံ တင်ပြ ထားကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။
ရှေးဟောင်းပြတိုက်များ၌ လုံခြုံရေး အစောင့်များ တိုးမြှင့်ထားရှိရန် စီစဉ်နေပြီး လက်ရှိတွင် ဝန်ထမ်းအင်အား နည်းပါးနေခြင်းကြောင့် ရဲတပ်ဖွဲ့ လှည့်ကင်းများဖြင့် သာ စောင့်ကြည့်လျက်ရှိ ကာ နောက်ပိုင်းတွင် လုံခြုံရေး ကင်မရာများ တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းပြတိုက်များနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ကွယ် သွားစေရန် ယခုထက် ပိုပြီး နည်းပညာများ အသုံးပြုကာ ထိန်းသိမ်း စောင့်ရှောက် သွားမည် ဖြစ်ေ ကြာင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)