Connect with us

Culture & Entertainment

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း နေဝင်ချိန် ဆည်းဆာကြည့်ရှုသော နေရာများ ကန့်သတ်မည်

ပုဂံရှေးဟောင်းနယ်မြေအတွင်း ညနေ နေဝင်ချိန် ဆည်းဆာကြည့်ရှုနေကြစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများပေါ်မှ ညနေ နေဝင်ချိန် ဆည်းဆာကြည့်ရှုသော နေရာများ ကန့်သတ်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ မင်းနန်သူ အရပ်တွင် JICA အကူအညီဖြင့် ဆောက်လုပ်လျက် ရှိသည့်နေဝင်ဆည်း ဆာကြည့်ရှု သည့်နေရာ ဆောက်လုပ် ပြီးစီးပါက ကန့်သတ်သွားမည် ဖြစ်သည်။ရှေးဟောင်းဘုရားများပေါ်မှ နေဝင်ဆည်းဆာကြည့်ရှုခွင့်ကို ပိတ်မထားသေးသော်လည်း နေဝင်ဆည်းဆာကြည့်ရှုမှုသည် ထိခိုက် ပျက်စီးမှုများရှိလာနိုင်သဖြင့် မင်းနန်သူဘက်တွင် ကိုမောက်ရေကန်၏ ကန်ပေါင်ကို လိုအပ်သော အမြင့် မြှင့်ပြီး နေဝင် ဆည်းဆာ ကြည့်ဖို့နေရာတစ်ခုစီစဉ်ထားကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ပုဂံဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအနေဖြင့် ပုဂံ-ညောင်ဦးသွား ကားလမ်းကို ပုဂံဘူတာ၊ ညောင်ဦးလေဆိပ်ဘက်မှလာသည့် နှစ်လမ်းသွား ကတ္တရာလမ်း ခုနစ်မိုင်ကျော်အား လမ်းအကျယ် ၁၈ ပေရှိရာမှ ကားတစ်စီးနှင့် တစ်စီး ရှောင်တိမ်းသွားလာရန် အခက်အခဲရှိသဖြင့် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117