Connect with us

Culture & Entertainment

သြင်္ကန်အကြိုနေ့ နိုင်ငံတစ်ဝန်းတွင် မတော်တဆမှု ၁၁ မှုဖြစ်ပွား တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရကြောင်းသတင်းထုတ်ပြန်

သြင်္ကန် ရန်ကုန်မြို့တွင် ရေပက်ကစားနေကြစဉ် (ဓာတ်ပုံ--ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

သြင်္ကန်အကြိုနေ့တွင် နိုင်ငံတစ်ဝန်း၌ မတော် တဆမှု ၁၁ မှု ဖြစ်ပွားပြီး တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ယင်းမတော်တဆမှုများမှာ ပဲခူးတိုင်းဒေသကြီး၌ ယာဉ်တိုက်မှုတစ်မှု၊ ဒဏ်ရာရရှိသူရှစ်ဦး၊ ခိုက်ရန်ဖြစ်ပွားမှုနှစ်မှု၊ ဒဏ်ရာရရှိသူငါးဦး၊ ရန်ကုန် တိုင်းဒေသကြီး၌ ခိုက်ရန်ဖြစ်ပွားမှုတစ်မှု၊ ဒဏ်ရာရရှိသူတစ်ဦး၊ ခါးပိုက် နှိုက်၊ ခိုးမှုမသင်္ကာမှုတစ်မှု၊ မန္တလေးတိုင်းဒေသကြီး၌ ခါးပိုက်နှိုက်၊ ခိုးမှု မသင်္ကာမှုငါးမှု၊ ရှမ်းပြည်နယ်၌ ယာဉ်တိုက်မှုတစ်မှု၊ သေဆုံးသူတစ်ဦး တို့ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ သြင်္ကန်နှင့် မဆက်နွှယ်သည့် မှုခင်းအနေဖြင့် လူသတ်မှုတစ်မှု၊ သေဆုံးသူတစ်ဦး၊ ယာဉ်တိုက်မှု ငါးမှု သေဆုံးသူသုံးဦး၊ ဒဏ်ရာရသူငါးဦး၊ ခိုက်ရန်ဖြစ်ပွားမှုသုံးမှု၊ ဒဏ်ရာ ရသူ သုံးဦး၊ ခါးပိုက်နှိုက်မှုတစ်မှု၊ မူးယစ်ရမ်းကားမှုလေးမှု၊ အခြားအမှု ၂၇ မှု၊ သေမှုသေခင်း ငါးမှု၊ သေဆုံးသူငါးဦး စုစုပေါင်း ၄၆ မှု၊ သေဆုံးသူကိုးဦး ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ် သြင်္ကန်ကာလတွင် သြင်္ကန်အကြိုနေ့၌ ယာဉ်တိုက် မှု နှစ်မှု၊ သေဆုံးသူတစ်ဦး၊ ဒဏ်ရာရရှိသူ ရှစ်ဦး၊ နာကျင်မှုသုံးမှု၊ ဒဏ်ရာ ရရှိသူ ခြောက်ဦး၊ ခိုးမှု (နှိုက်)၊ ခိုးမှု မသင်္ကာမှု ခြောက်မှု စုစုပေါင်း ၁၁ မှု၊ သေဆုံးသူတစ်ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.