Connect with us

Culture & Entertainment

သံချပ်ပြိုင်ပွဲတွင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်

သံချပ်ပြိုင်ပွဲ ဖွင့်လှစ်ပွဲအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန် ၊ဧပြီ ၁၃ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟန်း မြို့နယ်က ပထမဆုံးအကြိမ်ဦးစီးကျင်းပသော ဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပလျက်ရှိသည့် သံချပ်ပြိုင်ပွဲတွင် သံချပ်အဖွဲ့ပေါင်း ၁၇ ဖွဲ့ က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း ပွဲစီစဉ် ရေးတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

နာမည်ကြီးသံချပ်အဖွဲ့များဖြစ်သည့် အွန်လိုင်းလေထန်ကုန်း၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ သြင်္ကန်မင်းသားကြီး၊ ဆူးကြား ဘူးခါးစသည့် သံချပ်အဖွဲ့သားများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ခြင်းကြောင့် မည်သူမဆို မဟာသြင်္ကန်ရက်များတွင် ညစဉ်လာရောက် နားဆင်နိုင် မည်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော်က သံချပ်သည် ရှေးမြန်မာမင်း များ လက်ထက်ကတည်းက စတင် ခဲ့ခြင်းဖြစ်ကြောင်း၊ အရင်ကသံချပ်တွေ ခေတ်စားခဲ့ပြီးတဲ့နောက်၊ သံချပ်များအကြောင်းအမျိုးမျိုးကြောင့် တိမ်မြုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်မှာ ရိုးရာသံချပ်တွေကို နိုင်ငံတော် အစိုးရကချမှတ် ထားတဲ့ ခွင့်ပြုချက် ကန့်သတ်ချက်များ နဲ့ စတင်ပေါ်ထွက်လာခဲ့ပြီး အခုနှစ်မှာတော့ သြင်္ကန်သံချပ်တွေ ပိုမိုပေါ် ထွက်လာနိုင်ပြီကြောင်းပြောကြားသည်။
ယခုဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပနေသည့် သံချပ်ပြိုင်ပွဲသည် သြင်္ကန်အကြိုနေ့တွင် စတင်ကျင်းပခြင်းဖြစ်ပြီး၊ သြင်္ကန်အတက်နေ့အထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မဟာသြင်္ကန် အတက်နေ့တွင် သံချပ်ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို ကျင်းပမှာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.