Connect with us

Culture & Entertainment

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ထိန်းသိမ်းရန်လိုအပ်သော အဆောက်အအုံ ၃၉ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း ဘုရားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ထိန်းသိမ်းရန်လိုအပ်သည့် အဆောက်အအုံ ၃၉ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ် ထိန်းသိမ်းမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ ရှေးဟောင်း အဆောက်အအုံများသည် နေပြည်တော်တွင် တစ်လုံး၊ မန္တလေးတိုင်းတွင် ရှစ်လုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရှစ်လုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ လုံးနှင့် ရခိုင်ပြည်နယ်တွင် ၁၀ လုံးတို့ ပါဝင်ကြောင်း သိရသည်။၁၉၇၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အဆောက်အဦးပေါင်း ၇၀၀၀ ကျော်ကို ရှေးဟောင်းအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်တွင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် နောက်ထပ် အဆောက်အအုံ ၃၉ လုံးကို သတ်မှတ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း ဘုရားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရှေးဟောင်းအဆောက်အအုံများ သတ်မှတ်ရာတွင် သက်တမ်းနှစ် ၁၀၀ ကျော်ရှိခြင်း၊ သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးနှင့် ဗိသုကာတန်ဖိုးများဖြင့် သတ်မှတ်ကြောင်း သိရသည်။အဆိုပါ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း ရည်ရွယ်ချက်မှာ နောင်လာနောက်သားများ ၎င်းတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားလာစေရန် ရည်ရွယ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။ (Xinhua)