Connect with us

Culture & Entertainment

မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို တစ်လလျှင် နိုင်ငံခြားသားဧည့်သည် ၅,၀၀၀ ကျော်လာရောက် ဖူးမြော်

မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်သော ဘုရားဖူးများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို တစ်လလျှင် နိုင်ငံခြားသားဧည့်သည် ၅,၀၀၀ ကျော်လာရောက် ဖူးမြော်လျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ယနေ့(ဇွန် ၁၀ ရက်) တွင် ဆင်ဟွာသို့ ပြောကြားသည်။

ရွှေတိဂုံစေတီတော်အား တစ်နေ့လျှင် နိုင်ငံခြားသားဧည့်သည် ၁၅၀ မှ ၂၀၀ ခန့် လာရောက်လည်ပတ်ကြကြောင်း၊လာရောက်လည်ပတ်သူ အများစုသည် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်သော နိုင်ငံခြားသားများအတွက် ဝင်ကြေးကို တစ်ဦးလျှင် ၁၀ ဒေါ်လာသတ်မှတ်ထား ကြောင်း ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ်တွင် ရွှေတိဂုံစေတီသို့ အမျိုးသား ၃၇,၅၃၃ ဦးနှင့် အမျိုးသမီး ၄၀,၈၃၅ ဦးအပါအဝင် နိုင်ငံခြားသားဧည့်သည် ၇၈,၀၀၀ နီးပါး ဝင်ရောက်ခဲ့သည်။

လက်ရှိတွင် စေတီတော်အား နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ထားသော်လည်း ဇွန်လ ၂၁ ရက်မှ စတင်ကာ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117