Culture & Entertainment
MRTV ၏ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်သူ ပဏာမ ၁၀ ဦးစာရင်း ထုတ်ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
MRTV ၏ Multi-Channel Play out System တွင် ရုပ်သံလွှင့်လုပ်ငန်း (Digital Free-to-Air) လုပ်ကိုင်လိုသူ Content Providers ရွေးချယ်မှုအတွက် ပဏာမ ၁၀ ဦး စာရင်းကို ယနေ့ ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ရုပ်သံလွှင့်လုပ်ငန်း (Digital Free-to-Air) လုပ်ကိုင်လိုသူ Content Providers ရွေးချယ်မှုအတွက် Eleven Media Group Co., Ltd၊ Mizzima Media Co., Ltd.၊ DVB Multi Media Group Co., Ltd၊ Bo Bo Entertainment Myanmar Group Co.,Ltd၊ TikhinaCo.,Ltd၊ VOIP Myanmar Group Co., Ltd. (VMG)၊ Global Technology Co., Ltd၊ Fortune International Ltd၊ Kaung Myanmar Aung Co., Ltdနှင့် Young Investment Group Co., Ltdတို့ကို ပဏာမ ရွေးချယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်း ရွေးချယ်ထားသော စာရင်းမှ နောက်ဆုံး (၅) ဦး ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ DVBအနေနဲ့တော့ ရုပ်သံလိုင်းတွေထဲမှာ ဂြိုလ်တုနဲ့ လွှင့်နေပြီးဖြစ်တဲ့အတွက် ခြေတစ်လှမ်းတော့ သာပါတယ်၊ ခုချပေးမယ့် ချန်နယ်အတွက်တော့ စလောင်းမပါပဲ DVB Tunerနဲ့ ဖမ်းလို့ရအောင်တော့ ပြင်ဆင်မှုတော့ လုပ်ထားပါတယ်”ဟု DVB ရုပ်သံလိုင်း၏ Bureau Chief ဦးတိုးဇော်လတ်က ပြောကြားသည်။
MRTV ၏ Digital Free–to-Air Channel (၅) ခုအတွက် Content Provider အဖြစ် လုပ်ကိုင်လိုသူများအား Request For Proposal (RFP) အဆင့်လျှောက်ထားရန် Expression Of Interest (EOI) အဆင့် အောင်မြင်သူ ၄၂ ဦးကို ဖိတ်ကြားခဲ့သည်။(Xinhua)