Connect with us

Culture & Entertainment

ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမဲ့ဖျော်ဖြေတင်ဆက်မည်

ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမဲ့ဖျော်ဖြေတင်ဆက်မည့်ဖိတ်စာအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံ၌ ပြည်သူများအား အခမဲ့ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံ၌ တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်ခုနစ်ခုတို့မှ ယဉ်ကျေးမှုအကအဖွဲ့များက တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့်လည်းကောင်း၊ မြို့ရွှေမန်းသားလေး ဖိုးချစ်ဇာတ်သဘင် အဖွဲ့က အကအလှများဖြင့် လည်းကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများက ”သီရိဝံသ”ဇာတ်တော်ကြီးဖြင့်လည်းကောင်း ပြည်သူများအား အခမဲ့ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.