Connect with us

Culture & Entertainment

Myanmar Idol Season 3 Winner အဖြစ် ဖြိုးမြတ်အောင်ရရှိ

Myanmar Idol Season 3 Winner ဖြိုးမြတ်အောင်အားတွေ့ရစဉ် (ဓာတ်ပုံ--Myanmar Idol)

ရန်ကုန်၊ သြဂုတ် ၁၁ရက် (ဆင်ဟွာ)

Myanmar Idol Season 3 တွင် နံပါတ် ၁၁ ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ချမ်းမြေ့မောင်ချို သည် Grand Final ပြိုင်ပွဲတွင် ကျန်းမာရေးအရ လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် နံပါတ် ၇ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်သည် Myanmar Idol Winner ဆုအားရရှိခဲ့သည်။

ချမ်းမြေ့မောင်ချို ကျန်းမာရေး အခြေအနေကြောင့် ယခု Grand Final ပြိုင်ပွဲသည် Myanmar Idol Season 1 နှင့် Season 2 တို့ ထက် လူစိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။ Myanmar Idol Season 3 ၏နောက်ဆုံး Grand Final ပွဲကြီးကို ယနေ့၊ ဩဂုတ်လ ၁၁ရက်ည၊ ရန်ကုန်မြို့ရှိရွှေထွဋ်တင်ကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ချမ်းမြေ့မောင်ချို လာရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် အတွက် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင် တစ်ဦးသာ ဆက်လက် ဖျော်ဖြေခဲ့သည်။ ချမ်းမြေ့မောင်ချို ယှဉ်ပြိုင်ခြင်းမရှိ၍ပရိသတ်များအနေဖြင့်လည်း Vote လုပ်စရာ မလိုအပ်တော့ပေ။

သို့သော် အထူးအစီအစဉ်အနေဖြင့် အစီအစဉ်တစ်ခုကို Myanmar Idol Season 3 မှာပြုလုပ်ပေးထားကြောင်း၊ ၎င်းမှာ Grand Final အတွက် Voting စနစ်မှာ ပရိသတ်ကြီး Vote လိုက်သမျှအားလုံးကို လူမှုအကျိုးပြုလုပ်ငန်းတွေမှာလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ Vote ပေးသည့် အခါတွင်လည်း Top 11 ပြိုင်ပွဲဝင်အားလုံး၏ Voting နံပါတ်များ ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ချမ်းမြေ့မောင်ချို ၏ ဆေးရုံသို့ သွားရောက်သတင်းမေးကြသည့် Myanmar Idol အဖွဲ့သားများအားတွေ့ရစဉ် (ဓာတ်ပုံ–Myanmar Idol)

ဖြိုးမြတ်အောင် ၏သီဆိုယှဉ်ပြိုင်မှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ–Myanmar Idol)

ဖိုင်နယ်ပွဲတွင် ယှဉ်ပြိုင်မည့် ချမ်းမြေ့မောင်ချိုသည် လက်ရှိအချိန်ထိ ဆေးရုံတက်ရောက်ကုသနေရသော်လည်း ဖိုင်နယ်ပွဲကို ဆက်လက်ကျင်းပခဲ့သည့် အတွက် ပရိသတ်အချို့ ၏ ဝေဖန်မှု များလည်းရှိခဲ့သည်။ Top 3 အဖြစ် နံပါတ် ၉ ဖြင့်ယှဉ်ပြိုင်ခဲ့သည့် ဇော်ကြီး၊ နံပါတ် ၁၁ အဖြစ်ယှဉ်ပြိုင်ခဲ့သည့် ချမ်းမြေ့မောင်ချို နှင့် နံပါတ် ၇ အနေဖြင့် ယှဉ်ပြိုင်ခဲ့သည့် ဖြိုးမြတ်အောင်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဖြိုးမြတ်အောင် နှင့် ချမ်းမြေ့ မောင်ချို တို့က Grand Final သို့ တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

Myanmar Idol Season 1 တွင် စော်လားထော်ဝါးက Winner အဖြစ်ရရှိခဲ့ပြီး Myanmar Idol Season 2 တွင်သားငယ်က Winner အဖြစ်ရရှိခဲ့ရာ ယခုတတိယအကြိမ်တွင် ဖြိုးမြတ်အောင်မှ Winner အဖြစ်ရရှိခဲ့ခြင်း ဖြစ်သည်။

Myanmar Idol ၏ Season သုံးခုစလုံးတွင် အမျိုးသားများသာ Winner အဖြစ် ၃ ကြိမ်ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.