Connect with us

Culture & Entertainment

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်သစ် ၃၉ တန်ကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကြက်တစ်ကောင်ဘိနယ်၊ မအူကုန်းရွာအနီး၌ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ အင်/သစ်ယာသစ်/ခွဲသား (၂၂၄) ချောင်း အလေးချိန်အားဖြင့် ၃၉.၄၂၆၄ တန် နှင့် ချိန်းဆော(၁)လက်၊ အင်ဂျင်(၄)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ဇူလိုင်လ ၁၈ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိ တရားမဝင်သစ်၊ ချိန်းဆော၊ အင်ဂျင်(၄)လုံး၊ လွှဝိုင်း(၂)ဝိုင်းတို့၏ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)