Culture & Entertainment
ရန်ကုန်မြို့ရှိ Yangon Excelsior Hotel အား စက်တင်ဘာ ၂၈ ရက် တွင် အမွေအနှစ် အထိမ်းအမှတ် ကမ္ပည်းပြား တပ်ဆင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းရှိ Yangon Excelsior Hotel အား စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် (၃၃)ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဟိုတယ်မှာ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ပေးအပ်သည့် အမွေအနှစ်ဆိုင်ရာဆု ရရှိထားကာ ခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး အသုံးပြု ခြင်းရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် ဆူးလေဘုရားအနီးရှိ တိုးရစ်ဘားမား အဆောက်အအုံ၊အင်းလျားလိတ် ဟိုတယ်၊ အင်းလျားကန်နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်းရုံး (ယခင် ဘုံဘေဘားမားကုမ္ပဏီရုံးချုပ်)တို့ကို ၂၀၁၉ ခုနှစ် မကုန်ခင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားမည်ဖြစ်ပြီး နောင်နှစ်များ တွင်လည်း အမွေအနှစ် အဆောက်အအုံနှင့် သဘာဝအမွေအနှစ်များ အပြင် နာမည် ကြီးပြီး ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ နေအိမ်များကိုလည်း အပြာရောင်ကမ္ပည်းပြားများ ဆက်လက် တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)