Connect with us

Culture & Entertainment

သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့် ကြာပန်း အထူးထုတ်တံဆိပ်ခေါင်း ရောင်းချပေးမည်

အထူးတံဆိပ်ခေါင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) 

သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့် ကြာပန်း ကျပ် ၂၀ဝကျပ် တန် အထူးထုတ်တံဆိပ်ခေါင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့စာတိုက်လုပ်ငန်းမှသိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်း အမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်း ပွဲနှင့် ကြာပန်း ကျပ် ၂၀၀ တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၉ ရက် မြန်မာ သက္ကရာဇ် ၁၃၈၁ ခုနှစ် သီတင်းကျွတ် လဆန်း ၁ ရက် (တနင်္ဂနွေ) နေ့ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ စက်တင်ဘာ ၂၉ ရက်နေ့၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် များပေါ် တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua)