Education & Health
မန္တလေး တိုင်းဒေသကြီးတွင် မှတ်ပုံတင် မရှိသော ဆေးဝါးများ၊ အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများ၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း တစ်ထောင်ကျော်ဖိုး မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
မန္တလေး တိုင်းဒေသကြီး အေးရိပ်ငြိမ် သုသာန်တွင် ဧပြီလ ၂၇ ရက် နံနက်ပိုင်း၌ သက်တမ်းလွန် ဆေးဝါးများ၊ မှတ်ပုံတင် မရှိသောဆေးဝါးများ၊ အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများ၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း တစ်ထောင်ကျော်ဖိုးကို မန္တလေး မြို့တော်စည်ပင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ FDA တို့ ပူပေါင်းပြီး မီးရှို့ဖျက်ဆီးပွဲ ကျင်းပခဲ့ကြောင်း FDA မှ သတင်း ထုတ်ပြန်သည်။
၎င်းမီးရှို့ဖျက်ဆီးသည့် ပွဲသို့ မန္တလေး မြို့တော်ဝန် ဒေါက်တာ ဦးရဲလွင် တက်ရောက်ခဲ့ပါသည်။ ယခုမီးရှို့ ဖျက်ဆီးမှုသည် ၂၁ ကြိမ်မြောက် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသည် ဈေးကွက် အတွင်းရှိ စားသုံးရန် မသင့်တော်သည့် အစားအစာများအား စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)