Connect with us

Education & Health

မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ဆေးဆိုင်များအား ရှောင်တခင် စစ်ဆေးမည်

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ အသိအမှတ်ပြု နိုင်ငံခြားဖြစ်ဆေးဝါးများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆေးဆိုင်များအား ဧပြီလ နောက်ဆုံးပတ်မှ စတင်၍ တစ်ပတ်လျှင် တစ်ကြိမ် ရှောင်တခင် ဝင်ရောက် စစ်ဆေးမည် ဖြစ်ကြောင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ထံမှ သိရသည်။

အဆိုပါ စစ်ဆေးရာတွင် သောက်သုံးရန် မသင့်သည့် ဆေးဝါးများ တွေ့ရှိပါက ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

စစ်ဆေးမှုကို မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး အရည်အသွေး မပြည့်မီသည့် ဆေးဝါးများ၊ ရက်လွန်နေသည့် ဆေးဝါးများ တွေ့ရှိပါက ပထမအကြိမ် အဖြစ် ခံဝန်လက်မှတ်ထိုး ရမည်ဖြစ်ကာ ဒုတိယအကြိမ် တွေ့ရှိပါက ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း ကလည်း ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စားသုံးရန်၊ သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်း ၁ဝ၂ မျိုး ကြေညာခဲ့ကာ ငရုတ်သီးမှုန့်၊ မျှင်ငါးပိ၊ မုန့်ပဲသရေစာချိုချဉ်၊ ရောင်စုံဝေဖာများ အများဆုံး ပါဝင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ငါးပိ၌ ဆိုးဆေး ကင်းစင်ရေး အတွက် ငါးပိဒိုင်များအထိ လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.