Connect with us

Education & Health

ကျောင်းပြင်ပရောက် ကလေးများနှင့် စာမတတ်သူများ၏ ပညာရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်

ကျောင်းပြင်ပ နှင့် တစ်သက်တာ ပညာရေးကဏ္ဍ ဗဟိုအဆင့် ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ကျောင်းပညာရေးသာမက ကျောင်းပြင်ပရောက် ကလေးများနှင့် စာမတတ်သူများ၏ပညာရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းပြင်ပ နှင့် တစ်သက်တာ ပညာရေးကဏ္ဍ ဗဟိုအဆင့်ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ ကျောင်းထွက်နှုန်းက များနေပြီး အသားတင်ကျောင်းနေနှုန်းက နည်းပါးလျက်ရှိကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်း မရှိသူများ၊ ပညာမပြီးဆုံးမီကျောင်းထွက် သွားရသူများအားလုံးအတွက် ပညာသင်ကြားနိုင်ခွင့်ဖန်တီးပေးမည့် ပညာရေးအစီအစဉ်တစ်ခုကို လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယခု အစိုးရ လက်ထက်တွင် ကျောင်းပြင်ပပညာရေး လုပ်ငန်းများ၊ တစ်သက်တာ သင်ယူမှုလုပ်ငန်းများတွင် အလေးပေးဆောင်ရွက်နိုင်ရန် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍ ဗဟိုအဆင့်ညှိနှိုင်း ဆွေးနွေးပွဲကို ၂ ရက်တာ ကျင်းပမည် ဖြစ်ပြီး ရွှေ့ပြောင်းကလေးများအတွက် ပညာရေး၊ လုပ်ငန်းခွင်ဝင်ကလေးများအတွက် ပညာရေး၊ လူငယ်များအတွက် ဘဝ တစ်သက်တာပညာရေး၊ သက်ကြီး စာတတ်မြောက်ရေး၊ လမ်းပေါ်ရောက်ကလေးများ အပါအဝင် ကူညီ ဖြည့်ဆည်း ပေးရန် လိုအပ်သော ကလေးများအတွက် ပညာရေး၊ အရေးပေါ်နှင့်ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော ဒေသများမှ ကလေးများအတွက် ပညာရေးကဏ္ဍ ၆ ရပ် အတွက် ပညာရေးမူဝါဒနှင့် မဟာဗျူဟာများကို ညှိနှိုင်းဆွေးနွေး ရေးဆွဲကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.