Connect with us

Education & Health

ရန်ကုန်ရှိအဓိကဆေးရုံကြီး၆ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုစိတ်ကျေနပ်မှုအား သုတေသနစစ်တမ်းလုပ်မည်

ဆေးရုံကြီးတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အဓိကဆေးရုံကြီး ခြောက်ခု၌ ဆေးရုံလုပ်ငန်း တာဝန်များနှင့် ဆေးရုံတက်လူနာ များ၏ ကျန်းမာရေး စောင့်ရှောက်မှု အပေါ် စိတ်ကျေနပ်မှု အခြေအနေများနှင့် ပတ်သက်၍ သုတေသီပညာရှင် ၆ဝ ဦးက လေ့လာမှု သုတေသနစစ်တမ်း ပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ သုတေသန ပြုလုပ်မည့် ဆေးရုံကြီးများမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၊ ရန်ကုန် ကလေးဆေးရုံကြီး၊ ခုတင်-၅ဝဝ ဆံ့ ဆေးရုံသစ်ကြီး၊ အရိုးရောဂါကု ဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီး တို့ဖြစ်ကြောင်း၊ ဆေးရုံ Reception Services ကို လူနာနှင့်ဝန်ထမ်း များကြား ဆက်ဆံရေး အဆင်ပြေ ချောမွေ့စေရေး ပေါင်းကူးဆက်သွယ် ဆောင်ရွက်ပေးရန်၊ လူနာစောင့်များ၏ စိတ်ဖိစီးမှုများကို အတိုင်းအတာ တစ်ခုအထိ လျှော့ချ ပေးနိုင်ရန်နှင့် ကုသရေးဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေး နိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခုတင်-၂ဝဝ နှင့်အထက် ပြည်သူ့ဆေးရုံကြီး များတွင် လူနာများ စိတ်ကျေနပ်မှု ရရှိစေရန်နှင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် ဆေးလူမှု ဆက်ဆံရေး ဌာနမှ ဦးဆောင်၍ ဆေးရုံကြိုဆို လမ်းညွှန်ရေး ဝန်ဆောင်မှု လုပ်ငန်းကို ခုတင်-၁ဝဝ ဆံ့၊ ခုတင်-၅ဝဝ ဆံ့ ဆေးရုံများ၌ပါ တိုးချဲ့လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ရက် ၁ဝဝ စီမံချက် လုပ်ငန်းစဉ် တွင်လည်း မူလ ဆောင်ရွက်နေသည့် ဆေးလူမှု ဆက်ဆံရေး လုပ်ငန်းများအပြင် လူနာ၊ မိသားစုဝင်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့ဝင် များကို အကူအညီ ပေးရန်နှင့် ဆေးရုံအတွင်း ကြိုဆိုလမ်းညွှန် ကူညီပေးရန် အထက်ပါ ဝန်ဆောင်မှု လုပ်ငန်းကို စတင်လုပ်ဆောင် ခဲ့ကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.