Connect with us

Education & Health

ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြိုတင် ကာကွယ်ရေး နှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် ၅ နှစ် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ဆန်းစစ်ခြင်း ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ၅ နှစ် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရန် အပြည်ပြည် ဆိုင်ရာ ကျန်းမာရေး ပြဌာန်းချက် (၂၀၀၅) ပါလုပ်ငန်းစဉ် (၇) ရပ်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံစိတ်ချမှု အစီအစဉ်ပါလုပ်ငန်းစဉ် (၁၁) ရပ်တို့အား လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်တွင်းလေ့လာဆန်းစစ်ရေး အဖွဲ့ငယ်များမှ မတ်လအတွင်း နှင့် ပြည်ပ လေ့လာ ဆန်းစစ်ရေး အဖွဲ့ငယ်များမှ ဧပြီလနှင့် မေလအတွင်း တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး တွေ့ရှိချက်များ အပေါ် မူတည်ကာ စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကူးစက်ရောဂါ အသစ်များ ၊ ပြန်လည် ခေါင်းထောင်လာသော ကူးစက်မြန် ရောဂါများ ဖြစ်ပွားမှုများ လျင်မြန်စွာ ဖြစ်ပွားလာလျက်ရှိပြီး ယခင်က မဖြစ်ပွားဖူးသည့် ကာကွယ် ထိန်းချုပ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး တို့အတွက် အကြောင်းကြားမှု၊ သတင်းပေးပို့မှု ကြန့်ကြာ ခြင်းတို့ကြောင့် မကုန်ကျသင့်သည့် ကုန်ကျမှုများ ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေများ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းဆန်းစစ်ခြင်း (Joint External Evaluation – JEE) ဆောင်ရွက်ရန် အတွက် နှီးနွယ်ဌာန ဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အတူ ကာကွယ် ထိန်းချုပ်ရေး နှင့် တုံ့ပြန် ဆောင်ရွက်ရေး တို့ကို ဝန်ကြီးဌာနနှင့်အတူ နှီးနွယ် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၊ JEE ဆောင်ရွက်ရာတွင် နှီးနွယ်ဌာနများမှ ကျွမ်းကျင်သူများကို တိတိကျကျတာဝန်ပေး ကာ သတ်မှတ်ပေးစေလိုကြောင်း ၊ ယခု လုပ်ငန်းစဉ်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှူးများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.