Connect with us

Education & Health

ဆယ်တန်း စာမေးပွဲကာလ နိုင်ငံတစ်ဝန်း မီးရရှိရန်စီစဉ်

လျှပ်စစ်တာဝါတိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိရန် ဘက်စုံ စီစဉ်ထားရှိပြီး ဖြန့်ဖြူးပေးသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း ၆၆ / ၃၃ ကေဗီ ဓာတ်အားခွဲရုံ ၂၇ ရုံ၊ ၆၆/ ၁၁ ကေဗီ ၁၁၆ ရုံ၊ ၃၃ / ၁၁ ကေဗီ – ၂၆၆ ရုံ၊ ဓာတ်အားစနစ် မရရှိသော ဒေသများတွင် အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၃၀၊ ဒီဇယ်ဓာတ်အားပေး စက် ၆၀၄ လုံးတို့ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဖြစ်ပြီး ဓာတ်အား ပို့လွှတ်ထားစဉ် စက်ကိရိ ယာပစ္စည်း ချို့ယွင်း ပျက်စီးမှုကြောင့် ဓာတ်အား ပြတ်တောက်ခြင်းနှင့် ဓာတ်အားလိုင်း အပြစ်ကြောင့် ပြတ်တောက်ခြင်းများ ရှိလာပါက ပြင် – ထိန်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အရန်မီးစက် များဖြင့် ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်အား ပြတ်တောက်မှု၊ဓာတ်အား မပြည့်ဝမှုတို့အား အချိန်နှင့်် တစ်ပြေးညီ ရရှိရေး၊ အမြန်ပြုပြင် ဆောင်ရွက်နိုင်ရေးတို့အတွက် သတင်း အချက်အလက်နှင့် ပြန်ကြားရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ခရိုင် – မြို့နယ်များသို့ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် နေ့စဉ် ၂၄ နာရီ တာဝန်ချထားပြီး သတင်း အချက် အလက်များ စုဆောင်းခြင်း၊ဓာတ်အား ပြတ်တောက်ခဲ့ပါက ပြည်သူလူထုအား အချိန်မီ အသိပေး အကြောင်းကြားခြင်းနှင့် ဓာတ်အား ပြတ်တောက်မှုနှင့် ဓာတ်အား ပြတ်တောက်ရန် အစီအမံများ သိရှိပါက ချက်ချင်း သတင်းပို့ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန်စီစဉ်ထားကြောင်း၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးအတွက် စာမေးပွဲကာလမတိုင်မီ စစ်ဆေးခြင်း၊ အမြဲမပြတ် စစ်ဆေးခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှအပ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေး လုပ်ငန်း လက်အောက်တွင်ရှိသော ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆယ်တန်း စာစစ်ဌာနပေါင်း ၁၁၈၆ ခု ရှိရာ တာဝန်ချထားသည့် စာစစ်ဌာန ၉၈၉ ခု၊ ဓာတ်အား စနစ် မရှိသည့် စာစစ်ဌာန၁၉၇ ခုနှင့် အရန်မီးစက် ချထားမှု၅၈၁ခုတို့အား စီမံထားရှိမည်ဖြစ်ကြောင်း၊ မိမိတို့ဌာန၏ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပြည်သူများ သိရှိ လက်ခံလာစေရေး အလေးထား ဆောင်ရွက် လျက် ရှိပါကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.