Connect with us

Education & Health

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၉ရက်တွင်စတင်ထုတ်ယူနိုင်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများထုတ်ယူခွင့်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပညာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၁၉-၂-၂၀၁၈ (တနင်္လာနေ့)တွင်စတင်ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ယနေ့သတင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လ ၇ ရက် မှ မတ်လ ၁၆ ရက်အထိ တက္ကသိုလိဝင်စာမေးပွဲအားကျင်းပမည်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို တိုင်းဒေသကြီး/ပြည်နယ်များ ရှိ စာစစ်ဌာန အသီးသီး၌ ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ ၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၁၉-၂-၂၀၁၈ (တနင်္လာနေ့) တွင်စတင်ထုတ်ယူနိုင်မည် ဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲ နှင့် တွဲဖက် အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းသား/ကျောင်းသူ များသည်မိမိတို့ ၏ စာမေးပွဲဖြေဆိုခွင့်် ကတ်ပြား(Identity Card) များကို မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

ပြင်ပမှဖြေဆိုသူများသည် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောငင်း သိရသည်။ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ ၊စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ၊ မြို့နယ်ပညာရေးမှူးများ နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)