Connect with us

Education & Health

တိုင်းဒေသကြီး/ပြည်နယ် ၄ ခုတွင် ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၃၁ ဦးရှိ

လူစည်ကားသော နေရာများတွင် H1N1 ရောဂါပိုးကြောင့် maskတပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၈ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၁၈၀ ဦး ရှိပြီး သေဆုံးသူ ဦးရေမှာ ၃၁ ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၅၀၂ ဦး ရှိပြီး သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၅ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၃ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး နှင့် မွန်ပြည်နယ်တွင် ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရာသီတုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားမှုအရေအတွက် ပိုမိုသော နေရာဒေသ များတွင် မြို့နယ်အလိုက် စာရင်းဇယားများပြုစု၍ ရောဂါကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဇူလိုင်လဆန်းပိုင်းက ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားထားသည်။

အဆိုပါ ရောဂါလက္ခဏာများ အဖြစ် ဖျားခြင်း ၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက် နာကျင် ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း ၊ချမ်းတုန်ဖျားခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် လက္ခဏာများအပြင် အန်ခြင်း၊ ဝမ်းလျှောခြင်းစသော လက္ခဏာများလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.