Connect with us

Education & Health

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်ချက် ကြီးမားသည့် သူနာပြုများ ပေါ်ထွက်ရန် ကြိုးပမ်း လျက်ရှိ

ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း က ယနေ့ နေ့ လယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၆ ရက် (ဆင်ဟွာ)

ပြည်သူလူထု၏ကျန်းမာရေး စောင့်ရှောက်မှုနှင့်တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း တိုးတက် မြင့်မားစေရေး အတွက်လိုအပ်ချက် ကြီးမားသည့်သူနာပြုများ ပေါ်ထွက်ရန် ကြိုးပမ်း လျက်ရှိကြောင်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က ယနေ့ နေ့လယ်တွင်နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံအရ ကျွန်တော်တို့ဆီမှာ အရာထမ်း ၃၅၄၁၄ ဦး၊ အမှုထမ်း ၁၆၁၆၉၄ ဦး — စုစုပေါင်း ၁၉၀၀၀၀ ကျော်ရှိပြီးတော့ လက်ရှိ ခန့်ထားနိုင်တာက အရာထမ်း ၁၅၂၆၉ ဦး၊ အမှုထမ်း ၈၂၃၂၁ ဥိး — ၉၇၅၉၀ ဦး ရှိပြီးတော့ ဖွဲ့စည်းပုံရဲ့ ၅၀ ရာခိုင်နှုန်းခန့် ခန့်ထားပြီး ဖြစ်ပါတယ်၊ မနှစ်ကဆိုလည်း သူနာပြု သားဖွား ၁၉၀၀ ကျော်၊ ကြီးကြပ်ဆရာ သုံးထောင်နဲ့ ဆရာဝန်နဲ့ သွားဘက်ဆိုင်ရာ ဆရာဝန် ၁၇၀၀ ကျော် ခန့်အပ်ခဲ့ပါတယ်၊ မကြာခင်မှာ ဆက်လက် ခန့်အပ်ဖို့ရှိပါတယ်၊ တစ်နိုင်ငံလုံးမှာဆေးရုံပေါင်းက ၁၁၂၃ ရုံ ရှိပြီး သူနာပြု ဝန်ထမ်းအနေနဲ့ ခွင့်ပြုက ၃၇၇၀၄ ဦး ရှိပြီးတော့ ခန့်ထား နိုင်တာက ၂၀၆၂၃ ဦး ရှိလို့လစ်လပ်နေရာ ၁၇၀၀၀ ကျော်ရှိပါတယ်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက်လိုအပ်နေတဲ့ သူနာပြုတွေကို မွေးထုတ်နိုင်အောင်အရှိန်အဟုန် နဲ့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးးချုပ်ပါမောက္ခဒေါက်တာမြင့်ဟန် သတင်းစာ ရှင်းပွဲ၌ ဖြေကြားစဉ် (ဆင်ဟွာ)

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်အတန်းမြင့်မြင့်နှင့်ကုန်ကျစရိတ် သက်သက်သာ သာဖြင့် ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်ပိုင်းကများစွာ ပံ့ပိုးပေးလျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ဘီလျံ ၇၂၀၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၈၅၀၊ လာမည့် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံပေါင်း တစ်ထောင်ကျော် သုံးစွဲဖို့ အစိုးရအဖွဲ့က ခွင့်ပြုပြီး လွှတ်တော်ကို တောင်းခံထား ကြောင်း၊ နိုင်ငံတော်ပိုင်းက ဘတ်ဂျက်များစွာ ပံ့ပိုးပေးသကဲ့သို့ ဝန်ထမ်းများလည်း တိုးချဲ့ ခန့်အပ် နိုင်ဖို့ဆောငိရွက်လျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွား ကောင်စီဥပဒေအတွက် နည်းဥပဒေများ ပေါ်ထွက်လာသည့်အခါ ယခုထက် ပို၍ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အတွင်းဝန်က ပြောခဲ့သည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့မှပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိအခြေအနေမှာ တစ်နှစ်လျှင် သူနာပြု ဦးရေ နှစ်ထောင်ခန့်သာ မွေးထုတ်နိုင်ပြီး လစ်လပ် သူနာပြု ဦးရေ တစ်သောင်းခွဲကျော် ပြည့်မီရန်မှာ ခုနစ်နှစ်။ သို့မဟုတ် ၁၀ နှစ်အထိ ကြန့်ကြာနိုင် သည်ဟု ကုသရေး ဦးင်္စီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်ကလည်း ပြောခဲ့သည်။၎င်းက “လစ်လပ်နေရာများရတဲ့ အကြောင်းထဲမှာ သူနာပြုတွေ သင်တန်းဆင်းပြီး အလုပ်မဝင်တာကြောင့် လည်း ပါပါတယ်၊ ၂၀၁၅ ခုနှစ်မှာ သူနာပြု သိပ္ပံဘွဲ့ရ ၂၅၅ ဦးကို အလုပ်ခန့်ပေမယ့် ၁၉၄ ဦးပဲ အလုပ်ဝင်ခဲ့ပါတယ်၊ ၆၁ ဦးက မဝင်ပါဘူး၊ သင်တန်းဆင်း လေးယောက်မှာ တစ်ယောက်က ပြည်သူ့ဆေးရုံကို မဝင်ပါဘူး၊ အမှန်ကတော့ သင်တန်းမတက်ခင်မှာ သင်တန်းဆင်းရင် ပြည်သူ့ ဆေးရုံမှာ သုံးနှစ် လုပ်ဖို့ ခံဝန်ချက် ထိုးထားပြီးသားပါ၊ ဒီလို သူနာပြု လိုအပ်ချက်တွေ များလာတဲ့ အတွက် အပြင်က သူနာပြုတွေကို စာချုပ်နဲ့ငှားရပါတယ်၊ ဒါပေမယ့် အပြင် သူနာပြု ၁၀၀ ကျော် အလုပ်လာလျှောက်ပြီး ၂၇ ဦးပဲရရှိခဲ့ပါတယ်၊ ဒါကြောင့် ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့ သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် သင်တန်းဆင်း သူနာပြုတွေဟာ နိုင်ငံတော်ကို သုံးနှစ် တာဝန်ထမ်းဆောင်သင့်တယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒါကြောင့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ အလုပ်လုပ်နေတဲ့ သူနာပြုများဟာ updated license ရှိရမယ် ဆိုတဲ့ စာကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ခဲ့တာပါ” ဟုလည်း ရှင်းပြခဲ့သည်။

သူနာပြုသင်တန်း ဆင်းပြီး ပြည်သူ့ဝန်ထမ်းအဖြစ် သုံးနှစ် တာဝန်ထမ်းဆောင်ပြီးမှသာ သူနာပြု လိုင်စင် ရရှိမည် ဟူသည့် စာနှင့် ပတ်သက်ပြီး သူနာပြု သားဖွား သင်တန်းသားများက ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်းနှင့် ဆက်စပ်ပြီး ယနေ့ သတင်းစာရှင်းပွဲကို ပြုလုပ်ခြင်း ဖြစ်သည်။“သင်တန်းဆင်းသူနာပြုတွေအနေနဲ့ ပြည်သူ့ဝန်ထမ်းအဖြစ် သုံးနှစ်လုပ်နေစဉ်မှာ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာလည်း ဝင်လုပ်နိုင်တာပါပဲ၊ သုံးနှစ်ပြည့်သွားရင် updated ဖြစ်တဲ့ လိုင်စင်လည်းရမယ်၊ ဒီလိုင်စင်နဲ့တခြားနိုင်ငံတွေမှာလည်း သွားလုပ်နိုင်မယ်၊ ဒါဟာ ကိုယ့်အတွက်ရော နိုင်ငံအတွက်ရော အကျိုးရှိတဲ့ ကိစ္စပါ၊ ကျွန်တော်တို့ အခုလို ဆောင်ရွက်တာဟာ ကုသရေးဦးစီး ဌာန တစ်ခုတည်း အတွက် မဟုတ်ပါဘူး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအားလုံး အကျိုးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွား ကောင်စီဥပဒေအတွက် နည်းဥပဒေများ ရေးဆွဲလျက်ရှိရာ စတုတ္ထမူကြမ်း အဆင့်သို့ရောက်ရှိနေပြီးမကြာမီပေါ်ထွက်လာမည်ဖြစ်ကြောင်း၊နည်းဥပဒေ များ ပေါ်ထွက်လာသည့်အခါ သူနာပြု သားဖွား ဦးရေကို ယခုထက်ပိုမိုများပြားစွာ မွေးထုတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.