Education & Health
ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအစာများ ဖြစ်စေရန် နယ်စပ်ဒေသ များတွင် ရောဂါကင်းရှင်းရေး ဇုန်များကို ထူထောင် သွားမည်
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအစာများ ဖြစ်စေရန် နယ်စပ်ဒေသ များတွင် ရောဂါကင်းရှင်းရေး ဇုန်များကို ထူထောင် သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်မြတ်ဦး ကပြောသည်။
မြန်မာနိုင်ငံသည် ၂ဝ၁၅ ခုနှစ်မှ စ၍ အာဆီယံ စီးပွားရေး အသိုက်အဝန်း ၌ ပူးပေါင်း ဆောင်ရွက် နေသဖြင့် ယခုကဲ့သို့ နယ်စပ်ဒေသ ၌ ရောဂါ ကင်းရှင်းရေး ဇုန်များကို ထူထောင်သွားရန် စီစဉ်ခြင်း ဖြစ်ပြီး အဆိုပါ ဇုန်များအား ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေး အဖွဲ့မှ ချမှတ်ထားသော မူဘောင်များ နှင့် အညီ ဆောင်ရွက်သွားရန် စီစဉ် ထားကြောင်း ဒေါက်တာ မြတ်ဦးကဆိုသည်။
ထို့ပြင် အသားစားကြက် နှင့် ဥစားကြက် မွေးမြူ ထုတ်လုပ်ရေးကို အာဆီယံ စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက် သွားရန်စီစဉ် ထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အာဆီယံ ဒေသတွင်း တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော ရောဂါများ လျော့ကျ စေရေး နှင့် ကာကွယ် ထိန်းချုပ်နိုင်ရေး များကို ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန် ကျန်းမာရေးနှင့် ကူးစက် ရောဂါများ အတွက် အာဆီယံ နိုင်ငံများ ညှိနှိုင်း ဆောင်ရွက်မှု ဗဟိုအဖွဲ့ ထူထောင်ခြင်း ဆိုင်ရာ သဘော တူညီချက်ကို အာဆီယံ နိုင်ငံအတွင်း လက်မှတ်ရေးထိုး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)