Connect with us

Education & Health

စားအုန်းဆီနှင့် အခြားစားသုံးဆီ ရောထားသော စားသုံးရန် မသင့်သည့် မြေပဲဆီ ၁၈ မျိုး ထုတ်ပြန်

ကျန်းမာရေး ဝန်ကြီးဌာန၏ စားသုံးရန် မသင့်သည့် မြေပဲဆီ ၁၈ မျိုး ထုတ်ပြန် ကြေညာချက် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဈေးကွက်အတွင်း စားအုန်းဆီနှင့် အခြား စားသုံးဆီ ရောထားသော စားသုံးရန် မသင့်သည့် မြေပဲဆီ ၁၈ မျိုးကို ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော တော်ဝင်နဒီ၊ Lucky ၊ ss ၊ ရွှေမိုး၊ စိန်သရဖူ၊ Family၊ စံထိပ်တန်း၊ ရွှေစင်၊ ညွှန့်ဌေး၊ ရွှေကမ္ဘာ၊ စိန်တောင်တန်း၊ အိုကေစီ၊ Quality၊ ရွှေတောင်၊ ကောင်းထက်ကျော်၊ ကောင်းကြိုက်၊ အင်းဝနှင့် အေးမြတ်မွန် စသော အမှတ်တံဆိပ် မြေပဲဆီများမှာ မြေပဲဆီ အစစ်မဟုတ်ဘဲ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမှတ် တံဆိပ်ဖြင့် မြေပဲဆီ ထုတ်လုပ်သည့် လုပ်ငန်းများ အနေဖြင့် စံမညီ စားသုံးဆီများအား ဈေးကွက်မှ အမြန်ဆုံး ပြန်လည် ရုပ်သိမ်းသွားရန်နှင့် ဆက်လက် ထုတ်လုပ် ရောင်းချကြောင်း စိစစ်တွေ့ရှိရပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈ (ခ) အရ အရေးယူ သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

သတ်မှတ် စံနှုန်းများနှင့် ညီညွတ် စေရန်အတွက် ဈေးကွက်များရှိ စားသုံးဆီများအား ဆက်လက် စစ်ဆေး ဖော်ထုတ် ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)