Connect with us

Education & Health

မန္တလေးမြို့ ခင်နှင်း ပညာဒါန ဖောင်ဒေးရှင်း ၏ သတ္တမ အကြိမ်မြောက် ကွန်ပျူတာ သင်တန်းဖွင့်ပွဲ ကျင်းပ

မန္တလေးမြို့ ခင်နှင်း ပညာဒါန ဖောင်ဒေးရှင်းမှ အခမဲ့ ကွန်ပျူတာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ကွန်ယက်ပေါက်ဖော်)

မန္တလေး၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မန္တလေးမြို့ ခင်နှင်း ပညာဒါန ဖောင်ဒေးရှင်း၏ သတ္တမ အကြိမ်မြောက် ကွန်ပျူတာ သင်တန်း (အဆင့်မြင့် Photoshop) ဖွင့်ပွဲကို ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ အချိန်တွင် ကျင်းပခဲ့သည်။

အသင်းတာဝန်ခံ က “ပညာရေးသည် တိုင်းပြည် အနာဂတ်အတွက် များစွာ အရေးပါပြီး ခင်နှင်း ပညာဒါန ဖောင်ဒေးရှင်း အနေဖြင့် ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများ အတွက် ပညာရေး၊ နည်းပညာဆိုင်ရာ အတတ်ပညာများကို အခမဲ့ သင်ယူနိုင်ရန် အလို့ငှာ ရည်ရွယ်ပြီး ကွန်ပျူတာ သင်တန်း၊ တရုတ်ဘာသာ စကား သင်တန်း၊ ယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး ခဲ့တာဖြစ်ပါတယ်’’ ဟု ပြောသည်။
ယခုဆိုလျှင် ကွန်ပျူတာ သင်တန်းကို သတ္တမအကြိမ်မြောက် ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်ကြိမ်လျှင် သင်တန်းသား ၁၅ ဦးနှင့် စုစုပေါင်း သင်တန်းသား ၉၀ ဦးအား ကွန်ပျူတာ နည်းပညာ အခြေခံပညာ ရပ်များကို ဝေမျှ ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ ပညာရေး စနစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှု မရှိသူများအတွက် အတတ်ပညာ တစ်ခု တတ်မြောက်စေရန် အလို့ငှာ ကွန်ပျူတာ သင်တန်းကို အပတ်စဉ် အလိုက် ဖွင့်လှစ် သင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.