Connect with us

Education & Health

စာမတတ်သူ ပပျောက်ရေး အစီအစဉ် ထိရောက်မှု ရှိရန်ဆောင်ရွက်မည်

စာသင်ကျောင်း တစ်ခုအား တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မေ၂ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံး၌ စာမတတ်သူ ပပျောက်ရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ လုပ်ငန်းစဉ် တစ်ခုအနေဖြင့် လုပ်ဆောင် နေသည့် ကျေးရွာအဆင့် စာမတတ်သူ ပပျောက်ရေး သင်ကြားမှု အစီအစဉ်တွင် ထိရောက်မှု နည်းပါး နေသောကြောင့် စာသင်ကြားသူများ မကြာမီ စုပေါင်း ဆွေးနွေးမှု ပြုလုပ်ပြီး နည်းလမ်းတစ်ခု အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

စာသင်ကြားမှု ခံယူမည့် ဒေသခံများမှာ လုပ်ငန်းခွင် ဝင်သည့် အချိန်နှင့် သင်ကြားသည့် အချိန် တိုက်ဆိုင်နေ သဖြင့် ထိရောက်မှု နည်းပါး နေသေးကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ နှင့် ရပ်/ကျေး အဆင့် တာဝန်ရှိသူများ ပူးပေါင်းစီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အခြေခံပညာ ကျောင်းများ ပိတ်ထားသည့် သုံးလတာ ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

ယင်း အစီအစဉ်အရ ရွာတစ်ရွာလျှင် ဆရာနှစ်ဦးဖြင့် သင်ကြားပေး နေခြင်းဖြစ်ပြီး သင်ကြားပေး ရာတွင်လည်း ဘာသာရေး ဆိုင်ရာ ဘာသာရပ်နှင့် ပါဌ်ဆင့် မပါသည့် စာပေများကို ရွေးချယ် သင်ကြားပေး နေခြင်း ဖြစ်ကာ ယင်း အစီအစဉ်ကို ပြည်တွင်းရှိ ဆရာ၊ ဆရာမများက သင်ကြားပေး နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.