Connect with us

Education & Health

အစားအသောက် ၁၁ မျိုး စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ကြေညာချက်ထုတ်ပြန်

စားသုံးရန်မသင့်သည့် အစားအသောက်တချို့အားတွေ့ရစဉ် (ဓာတ်ပုံ--ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်များအား ဈေးများ၊ မုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာတွင် အစားအသောက် ၁၁ မျိုးသည် အစားအသောက်များ၌ အဏုဇီဝ သတ်မှတ်ချက် နှင့် ကိုက်ညီမှုမရှိခြင်း၊ ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ကြေညာချက်ထုတ်ပြန်သည်။

၎င်းတို့မှာ Jelly စာသားပါ အချိုရည် (ခရမ်းရောင်)၊ Jelly စာသားပါ အချိုရည် (ပန်းရောင်)၊ Jelly စာသားပါ အချိုရည် (အနီရောင်)၊ အမှတ်တံဆိပ်မပါ အချိုရည် (လိမ္မော်ရောင်) ၊ Cola အချိုရည် (အနီရောင်)၊ အမှတ်တံဆိပ်မပါ အချိုရည် (ပန်းရောင်)၊ အမှတ်တံဆိပ်မပါ အချိုရည် (အစိမ်းရောင်)၊ အမှတ်တံဆိပ်မပါ (ဝေဖာလုံး)၊ fruit drink juice အချိုရည်(လိမ္မော်ရောင်) ၊ Pineapple juice အချိုရည် (ခရမ်းရောင်) ၊ အချိုရည်လိမ္မော်ရောင် အမှတ်တံဆိပ်မပါ (Kitty ရုပ်ပုံပါ) တို့ဖြစ်ကြသည်။

အစားအသောက်ထုတ်လုပ် ၊ ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများကို လုံးဝအသုံးမပြုရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.