Education & Health
ရွှေဘိုမြို့နယ်အတွင်း လူ၈၇ ဦး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တင့်တယ်ကျေးရွာအတွင်း မေ ၂၉ ရက်နေ့တွင် လူ ၈၇ဦး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရွှေဘိုခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်အဖွဲ့သည် အဆိုပါကျေးရွာ ရတနာ ဗိမ္မာန်အောင် ဘုန်းကြီးကျောင်း၌ အခြေပြု၍ ကျေးရွာနေပြည်သူ ၈၇ ဦး(ကျား ၃၂၊ မ ၅၅ )တို့အား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပြီး အဆိုပါ လူနာများထဲမှ ၅ ဦးတို့အား ဆိပ်ခွန်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။(Xinhua)