Connect with us

Education & Health

ပုဂ္ဂလိကသူနာပြုအကူ သင်တန်းကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် ပုဂ္ဂလိကသူနာပြုအကူ သင်တန်းကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့၌ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသော သူနာပြုနှင့် အကူသူနာပြုများကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတကာ အဆင့်မီ သင်တန်းကျောင်းများနှင့် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို ဖွင့်လှစ် ဖော်ဆောင်ပေးရန်နှင့် အကူသူနာပြုများအား လိုင်စင်ရသင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်း နှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

” လုပ်ငန်းခွင်ဝင်ရောက်တဲ့ သူနာပြုများကိုသာ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီမှ လိုင်စင်ထုတ်ပေးလျက်ရှိသော်လည်း အကူသူနာပြုများကိုမူ ကျွမ်းကျင်ပညာရှင်များ မဟုတ်ပါသဖြင့် အသိအမှတ်ပြု လိုင်စင် ပြုလုပ်ပေးရန် အစီအစဉ် မရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority- NSSA) အောက်ရှိ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု စံသတ်မှတ်ရေး ကော်မတီမှ ပုဂ္ဂလိက သူနာပြုအကူသင်တန်းကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ယခုအခါ သူနာပြုခွင့်ပြုဦးရေ သုံးသောင်းကျော် ရှိသော်လည်း လက်ရှိတွင် နှစ်သောင်းကျော်သာ တာဝန်ထမ်းဆောင်လျက်ရှိပါသဖြင့် သူနာပြုဦးရေ တစ်သောင်းခွဲကျော်ခန့် လိုအပ်လျက်ရှိနေပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ပျမ်းမျှအင်အား ၅ဝရာခိုင်နှုန်း ကျော်ဖြင့်သာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူနာပြုအင်အား လွန်စွာ နည်းပါးသည့်အပြင် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းပမာဏ များလွန်းခြင်း၊ လစာနှုန်းထားလွန်စွာ နည်းပါးခြင်း၊ အခွင့်အရေး ရရှိမှု တန်းတူညီမျှမဖြစ်ခြင်း၊ ခွဲခြားဖိနှိပ် ဆက်ဆံခံရခြင်း၊ ပညာရေးအခွင့်အလမ်း၊ ရာထူးတိုးတက်ရေး အခွင့်အလမ်းများ နှောင့်နှေးခြင်းတို့ကြောင့် လစဉ် လုပ်ငန်းခွင်မှ ထွက်ခွာသူဦးရေ မြင့်တက်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး၊ပြည်နယ် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံကြီးများတွင် လစ်လပ်လျက် ရှိသော အကူသူနာပြုရာထူး (၁၀၈၄)နေရာတွင် အကူသူနာပြု(ပြင်ပ) (၉)လ သင်တန်းအောင်မြင်သူများအား ခန့်ထားခဲ့ကြောင် ဝန်ကြီးက ဆက်လက်ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် သူနာပြုများအတွက် သူနာပြုတက္ကသိုလ်(၂)ခုနှင့် သူနာပြုသင်တန်းကျောင်း (၂၅)ကျောင်းတို့မှ နှစ်စဉ် သူနာပြု(ဘွဲ့ရ+ဒီပလိုမာ) (၂ဝဝဝ)ခန့် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်အထိ သူနာပြုသိပ္ပံဘွဲ့ရ လေးထောင်ကျော်နှင့် ၁၉၆၂ ခုနှစ်မှ ၂၀၁၈ စက်တင်ဘာလအထိ သူနာပြုဒီပလိုမာဦးရေ သုံးသောင်းကျော် ကို မွေးထုတ်ခဲ့ကြောင်း၊ အစိုးရဆေးရုံများတွင် သူနာပြုလိုအပ်ချက်အရ အချို့သားဖွားသင်တန်းကျောင်း များတွင်ပါ သူနာပြုဒီပလိုမာများကို မွေးထုတ်ရန် အစီအစဉ်ရှိပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစ၍ သူနာပြုဦးရေ (၄ဝဝဝ)ခန့် တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.