Education & Health
အကြိမ်(၃၀)မြောက် အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ နေပြည်တော်တွင် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ASEAN အဆင့် အစည်းအဝေး ဖြစ်သော အကြိမ်(၃၀)မြောက် အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
အကြိမ်(၃၀)မြောက် အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နေပြည်တော်ရှိ Hotel Max ၌ ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အကြိမ် (၃၀)မြောက် အာဆီယံအလှကုန်ပစ္စည်းဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)