Connect with us

Education & Health

ကျောင်းစာပဲ ကျက်နေရင် ပြီးပြည့်စုံသူ ဖြစ်လာဖို့ ခက်ခဲဟု နိုင်ငံတော် အတိုင်ပင်ခံ ပြော

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရောက်ရှိလာစဉ်။

နေပြည်တော်၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

ကျောင်းစာအုပ်ထဲရှိ စာများကိုသာ ကျက်နေပြီး ကိုယ်လက် လှုပ်ရှားမှု မလုပ်သည့် ကလေး တစ်ယောက်သည် ပြီးပြည့်စုံသည့် လူကြီးတစ်ယောက် ဖြစ်လာဖို့ခကခဲသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။

“တချို့မိဘတွေက ကာယလှုပ်ရှားတာ၊ အနုပညာဘက်ကို အားပေးတာတွေကို အမြင်မကြည်ဘူးလို့ ကျွန်မ ကြားရပါတယ်။ ကျောင်းသွားတာ ဒါတွေ လုပ်ဖို့လား၊ စာသင်ဖို့မဟုတ်ဘူးလား။ ကျောင်းသွား တယ်ဆိုတာ ပညာတတ်ဖို့ပဲ၊ ပညာဆိုတာ တကယ်တော့ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် ချင့်ချိန် သုံးသပ်ပြီးတော့ မှန်မှန်ကန်ကန် အဖြေရှာနိုင်ခြင်းပါပဲ။ အဲဒီတော့ ဒီလိုဟာမျိုး လုပ်နိုင်ဖို့က ကိုယ်လည်း ကျန်းမာရမယ်၊ စိတ်လည်း ကျန်းမာရမယ်။ နောက် အဘက်ဘက်ကနေပြီး မြင်နိုင်တဲ့ စွမ်းရည်လည်း ရှိရမယ်။ ကျောင်းစာအုပ်ထဲက စာကိုပဲ ကျက်နေတဲ့ ကလေးတစ်ယောက်ဟာ ပြီးပြည့်စုံတဲ့ လူကြီးတစ်ယောက် ဖြစ်လာဖို့ခက်ပါတယ်” ဟူ သူမက ပြောခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား ပြောကြားစဉ်။

ကျန်းမာရေး အဆင့်မြင့် ကျောင်း လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှော ဖလှယ်ပွဲ ကျင်းပနေစဉ်။

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြစဉ်။

ကျောင်းသား ကျောင်းသူများ၏ ကိုယ်လက်လှုပ်ရှားမှု တိုးတက်လာစေဖို့ ကျောင်းသင်ရိုးညွှန်းတမ်းပါ ကာယပညာ အချိန်များမှာ အားလုံး တက်ကြွစွာပါဝင်ခြင်း၊ ကျောင်းတွင်း အားကစား ပြိုင်ပွဲများ ပြုလုပ် ခြင်းဖြင့် ကိုယ်ကာယ ကြံ့ခိုင်လာနိုင်သည့် အပြင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုများ လျော့နည်းသွား စေပြီး အချင်းချင်း ချစ်ခင် ရင်းနှီးမှု၊ အသင်းအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်နိုင်မှုနှင့် ကူညီယိုင်းပင်း စိတ်များ တိုးတက်လာမှာ ဖြစ်ကြောင်း၊ ကျောင်းများတွင် ကာယပညာအတွက် အချိန်သိပ်မပေးနိုင်ဘူး ဆိုတာ တွေ့ခဲ့ရကြောင်း၊ သင်ခန်းစာများ အချိန်မီ ပြီးဖို့အတွက် အချိန် လိုနေသဖြင့် ကာယ ပညာ အတွက် အချိန်ပေးနိုင်မှုက နိမ့်ကျလာခြင်းကို တွေ့ရကြောင်း၊ သင်ကြားစရာများကိုလည်း အချိန်မီ ပြီးစီးအောင်၊ တစ်ချိန်တည်းမှာပဲ ကိုယ်ကာယ လှုပ်ရှားမှုအတွက် အချိန်ပေး ဆောင်ရွက်နိုင်အောင် မည်သို့ ဖြေရှင်းမည်ဆိုသည်ကို ပညာရေး ဝန်ကြီးဌာနကပဲ ဦးဆောင်ပြီး အဖြေရှာရမှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

“ ဒါ ကျန်းမာရေးနဲ့လည်း ဆိုင်တယ်၊ စိတ်ကျန်းမာရေးရော ကိုယ် ကျန်းမာရေးရော နှစ်ခုစလုံးနဲ့ ဆိုင်တာကြောင့် အဲဒါ အတွက်ကော လုံလောက်တဲ့ အချိန်ပေးနိုင်အောင် ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ မိဘတွေ ကို နားလည်စေချင်တယ်။ အခု ကျွန်မတို့ သင်ရိုးညွှန်းတမ်းတွေကို ပြင်နေတယ်ဆိုတာ ကလေးများ ပိုပြီး ပြည့်ဝတဲ့ လူကြီးများ ဖြစ်လာ အောင်လို့ရည်ရွယ်ပြီး လုပ်နေတာပါ။ အဲဒါကို သဘောထားကြီးကြီးနဲ့မြင်စေချင်ပါတယ်။ အားပေးစေချင်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

နိုင်ငံတော်၏ အဖိုးတန် လူသားအရင်းအမြစ်များ ဖြစ်သည့် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာ ရေးနှင့် လုံခြုံရေး ဆိုင်ရာ တိကျသော၊ ပြည့်စုံသော နိုင်ငံတော် အဆင့် မူဝါဒများ ချမှတ်နိုင်ရေး အတွက် ရည်ရွယ်ပြီး “ကိုယ်စိတ် ကျန်းမာ လူငယ်ဘ၀ အနာဂတ် တောက်ပ နိုင်ငံ့ အလှ” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသည့် “ကျန်းမာရေး အဆင့်မြင့် ကျောင်း လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှော ဖလှယ်ပွဲ” ၌ ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး၊ ယာဉ်အန ္တရာယ်၊ လမ်း အန ္တရာယ်၊ လိင်မှု ပညာပေးခြင်း၊ ကျန်းမာသော လူနေမှု ပုံစံများ၊ ကွန်ပျူတာ ဂိမ်း စသည့် ကဏ္ဍများကို တင်ပြ ဆွေးနွေးသွားကြမည်ဟု သိရသည်။(Xinhua)