Connect with us

Education & Health

ရာသီတုပ်ကွေးရောဂါဖြစ်ပွား၍ ရောဂါပြင်းထန်သူများကို ကုသမှုပေးရန် ဆေးဝါးလုံလောက်မှုရှိစေရေး ဆောင်ရွက်မည်

ရာသီတုပ်ကွေးရောဂါအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများဆွေးနွေးစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရာသီတုပ်ကွေးရောဂါဖြစ်ပွား၍ ရောဂါပြင်းထန်သူများကို ကုသမှုပေးရန် ဆေးဝါးလုံလောက်မှုရှိစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇွန် ၁၅ရက်က ပြောကြားသည်။

လက်ရှိတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး အခြားရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းသူများတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွား၍ ရောဂါပြင်းထန်သောကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူရသော အခါ ကုသမှုပေးရန်အတွက် ဆေးဝါးလုံလောက်မှုရှိစေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားတတ်သော ကာလဖြစ်သည့် အတွက် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးအသိပညာများကို ပြည်သူလူထုထံသို့ပိုမို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။တုပ်ကွေးရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းကိုလည်း ဆက်လက်၍ စနစ်တကျ ဆောင်ရွက်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေများကိုလည်း စောင့်ကြပ်ကြည့်ရှုရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ မှ sentinel hospital များထံမှ influenza-like illness (ILI) and severe acute respiratory infections (SARI) စောင့်ကြပ်ကြည့်ရှုမှုအချက်အလက်များ စုဆောင်းနေခြင်း၊ လူနာများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရပြီး ရောဂါကူးစက်ခံနိုင်ရခြေမြင့်မားသည့် ကျန်းမာရေးဝန်ထမ်းအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်ထားပြီး အခြားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)