Connect with us

Education & Health

၂၀၁၈ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၇၆,၅၁၈ ဦးရှိပြီး သေဆုံးသူ ၁၉ ဦး ရှိ

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်များ ပြည်မီရေးအတွက် အရှိန်အဟုန်မြှင့်ဆောက်ရွက်ခြင်း အသိပေးမှု ဗဟိုအဆင့်အခမ်းအနားကျင်းပစဉ် (ကျန်းမာရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

 

၂၀၁၈ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၇၆,၅၁၈ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးထိရှိကြောင်း ဒီဇင်ဘာ ၁၆ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်များ ပြည်မီရေးအတွက် အရှိန်အဟုန်မြှင့်ဆောက်ရွက်ခြင်း အသိပေးမှု ဗဟိုအဆင့်အခမ်းအနားတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် (၂၀၀၉) ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း (၆) သိန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူ (၉၇၂) ဦးရှိခဲ့ကြောင်း၊ (၂၀၁၈) ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ (၇၆,၅၁၈) ဦးနှင့် ရောဂါကြောင့်သေဆုံးသူ (၁၉) ဦးအထိ သိသာစွာ လျော့နည်းလာခဲ့ပြီး အဆိုပါ ငှက်ဖျားရောဂါဖြစ်ပွားသူများ၏ (၆၄) ရာခိုင်နှုန်းသည် မြို့နယ် (၁၂) မြို့နယ်မှသာ ဖြစ်ပွားနေသည်ကိုတွေ့ရှိရကြောင်း ၎င်းကဆိုသည်။

 

 

မြန်မာနိုင်ငံတွင် (၂၀၃၀) ခုနှစ်၌ ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်ရရှိရေး အတွက် ငှက်ဖျားရောဂါကင်းဝေးရေး စီမံကိန်း (၂၀၁၆-၂၀၃၀) ကို ရေးဆွဲ၍ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် (၂၀၂၅) ခုနှစ်၌ Plasmodium falciparum ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးနှင့် (၂၀၃၀) ခုနှစ်တွင် ငှက်ဖျား ရောဂါအမျိုးအစား အားလုံး ကင်းစင်ပပျောက်ရေး ရည်မှန်းချက်များချမှတ် ဆောင်ရွက်နေကြောင်း၊ မဟာမဲခေါင်မြစ်ဝှမ်းဒေသတွင်း ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေး မဟာဗျူဟာ (၂၀၁၅-၂၀၃၀) မှ လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

ငှက်ဖျားရောဂါကင်းဝေးရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနမှ ဘဏ္ဍာငွေနှင့် အလှူရှင်အဖွဲ့အစည်းများထံမှ ရန်ပုံငွေများကို ကျိူးကြောင်းဆီလျှော်စွာ ခွဲဝေချထားမှု၊ ထိရောက်အကျိုးရှိစွာ အသုံးချမှု စသည်တို့ကို စနစ်တကျဆန်းစစ်လေ့လာမှုများ ပြုလုပ်၍ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ၎င်းကပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.