Connect with us

Education & Health

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား

ငပုတောမြို့အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုတ်ရှစ် ကလေးကျေးရွာရှိ  နေအိမ်တစ်အိမ်၌  ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀နာရီဝန်းကျင်က ဝတ်ပြုဆုတောင်းပွဲ၌ ကျွေးမွေး လှူဒါန်းသည့် ကြက်သား၊ ဂေါ်ဖီ၊ မုန်လာဥတို့ဖြင့် ရောနှောထားသော ခေါက်ဆွဲကြော်အား စားသုံးသူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသူ အမျိုးသား ၆၀ ဦးနှင့် အမျိူးသမီး ၆၀ ဦးတို့သည် အော့အန်မှုများဖြစ်ပွားခဲ့သဖြင့်  ငပုတောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။

” စဖြစ်တဲ့နေ့ထဲက တစ်ချို့တစ်ဝက်တော့ ဆေးရုံကဆင်းသွားတယ်၊ခုလဲ ဆင်းကုန်ကြပါပြီ၊ မစိုးရိမ်ရပါဘူး အော့အန်တာဖြစ်ရုံပါပဲ၊ ပိုးသတ်ဆေးကြောင့်ဖြစ်တာပါ”ဟု  ငပုတောမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။

 အော့အန်ခြင်းဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ ၎င်းတို့သည် ပိုးသတ်ဆေး အလွန် အကျွံသုံးစွဲထားသည့် ဂေါ်ဖီထုပ်အား ရေစင်ကြယ်အောင်မဆေးဘဲ ချက်ပြုတ်စားသုံးမိ၍ အစာ အဆိပ်သင့်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117