Connect with us

Education & Health

COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် လှူဒါန်း

COVID-19 ရောဂါကုသရေးဌာန ဧရာဝတီစင်တာအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နိုင်ငံအတွက် လိုအပ်လျက်ရှိသော COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်းတစ်ထောင် ကို ပထမအကြိမ်အဖြစ် ထည့်ဝင်လှူဒါန်းခဲ့ကြောင်းနှင့် လိုအပ်ချက်ရှိလာပါက ဆက်လက် ထည့်ဝင် လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

COVID-19 ရောဂါကုသရေးဌာန ဧရာဝတီစင်တာအား တွေ့ရစဉ်(ဆင်ဟွာ)

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေး အတွက် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင်ဖွဲ့စည်းထားပြီး ၎င်းဆပ်ကော်မတီမှ COVID-19ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့ စီးပွားရေးဘဏ်၊ နေပြည်တော်တွင်ဖွင့်လှစ်ကာ လှူဒါန်းလိုသူများ ထည့်ဝင်လှူဒါန်း နိုင်ကြောင်းအသိပေးကြေညာခဲ့ရာ ထိုသို့ COVID-I9 ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အတွက် ငွေကျပ်သန်းတစ်ထောင်ကို တပ်မတော်က ပထမအကြိမ်အဖြစ် ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တပ်မတော်အရာရှိကြီးများ၏တစ်လစာလစာငွေ များ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သားအစား ခန့်ဝန်ထမ်းများ ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂ဝ၂ဝပြည့်နှစ်ဧပြီလတွင် ပထမအကြိမ် အဖြစ်လည်းကောင်း၊ တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေ၏ ၂၅ ရာခိုင် နှုန်းနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂ဝ၂ဝပြည့်နှစ်မေလတွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း စုစုပေါင်းငွေကျပ် ၄.၄ ဘီလီယံကျော်အား စုပေါင်း ပါဝင် လှူဒါန်းခဲ့ကြပြီး ယင်းစုပေါင်းလှူဒါန်းငွေများဖြင့် ဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်း များကို ဝယ်ယူ၍ ဆေးရုံများ၊လူမှုအဖွဲ့အစည်းများ၊ တပ်မတော်က စီစဉ်ထားသော သီးခြား စောင့်ကြည့်သူများထားရှိရန်နေရာများနှင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာများထားရှိရန် နေရာများသို့ ပေးအပ်လှူဒါန်းထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.