Connect with us

Education & Health

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်ထားဟုဆို

COVID-19 ကာလ ကျောင်းများပြန်ဖွင့်စဉ် နှာခေါင်းစည်းဖြင့်ကျောင်းတက်နေကြသည့် ကျောင်းသားအချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် လမ်းညွှန်ထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။

“ကျွန်တော်တို့က မြို့နယ်ပညာရေးမှူးရုံးတွေကို လမ်းညွှန်ထားပါတယ်။ပညာရေးမှူးရုံးတွေကလည်း ဒါနဲ့ပတ်သက်ပြီးကျောင်းတွေ ကြိုတင်ပြဆင်ဖို့ အတွက် စာထုတ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ COVID-19 ရောဂါ အခြေအနေပေါ်မူတည်ပြီး ရောဂါတည်ငြိမ်တဲ့ အချိန်မှာ အဆင်သင့် ဖြစ်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောဖြစ်ပါတယ်။ အနားကပ်တော့ မပြင်ဆင်ရသေးဘူး ဖြစ်မှာစိုးရိမ်လို့ ကြိုတင်ပြင်ဆင်တဲ့ သဘောဖြစ်ပါတယ်။’’ ဟု ၎င်းက ဆိုသည်။

ကျောင်းများ ပြန်ဖွင့်ရန် လတ်တလောတွင် မဆုံးဖြတ်ရသေးကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီက ခွင့်ပြုလျှင် ကျောင်းများ ပြန်ဖွင့်နိုင်ရေး အသင့် ပြင်ဆင်ဆောင်ရွက်နေခြင်းကြောင်း ဆိုသည်။

“ကျောင်းမဖွင့်နိုင်တဲ့ကာအတွင်းမှာ Myanmar Digital Education မှာလည်း ကျွန်တော်တို့တင်ထားတယ်။ Home Base Learning တွေ လုပ်နေတယ်။ ကျောင်းသားတွေ အတွက် ပညာရေး အဆက်မပြတ်အောင် နည်းလမ်းမျိုးစုံနဲ့ တော့ ကြိုးစားပေးနေပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ သတ်မှတ်ထားသည့် Check List အချက် ၈၀ နှင့်ကိုက် ညီမှုရှိ၊ မရှိစစ်ဆေးပြီး အဆင့် A၊ B၊ C သတ်မှတ်ကာ အဆင့် A ရမှသာ ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117