Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

Education & Health

မြန်မာနိုင်ငံတွင် ဇန်နဝါရီ မှစပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၀၀ ဦးကျော်နှင့် သေဆုံးသူ ၇ ဦး ရှိ

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ မေလ ၂၀ ရက်အထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁,၇၁၇ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ မေ ၃၀ ရက် တွင် ပြောသည်။သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အများစုမှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“မိုးတွင်းမှာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးပါ။ အထူးသဖြင့် ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ အဖြစ်များပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် အများအားဖြင့် အသက် ၁၅ နှစ်အောက် ကလေးများတွင် အဖြစ်များသော်လည်း လွန်ခဲ့သည့် ၁၀နှစ်ကျော်မှ စတင်၍ အသက် ၁၅ နှစ်အထက် အသက်အရွယ်များတွင်လည်း ဖြစ်ပွားလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ပြန့်ပွားမှု တိုက်ဖျက်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက နေအိမ် နှင့် ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် ခြင်ပေါက်ပွားနိုင်ခြေရှိသော နေရာများကို ရှင်းလင်းရန် ပြည်သူများကို မေတ္တာရပ်ခံထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ပြည့်နှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၅,၁၃၁ ဦး၊ သေဆုံးသူ ၆၈ ဦး ရှိပြီး၊ ၂၀၂၁ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅,၄၄၆ ဦး၊ သေဆုံးသူ ၃၆ဦး ရှိပြီး၊ ၂၀၂၂ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၄,၉၇၁ ဦး၊ သေဆုံးသူ ၉၇ ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပျမ်းမျှအားဖြင့် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးနှုန်းမှာ ၀.၄ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)