Connect with us

Education & Health

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲများစတင်ဖြေဆိုလျက်ရှိပြီး ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများကို မတ် ၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် ဖြေဆိုသူစုစုပေါင်း ၁၆၁,၈၅၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ် ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ယင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းသွင်းထားသည့် ကျောင်းသား/သူများ၏ ၉၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ ဒေါက်တာသင်းနုနုစိန်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများကို မတ် ၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန်မှတ်ပုံတင်ထားသူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၇၉,၀၀၀ ကျော် ရှိကြောင်းသိရသည်။ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများကို မတ် ၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်ဟောင်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း သိရသည်။ လာမည့်ပညာသင်နှစ်မှစတင်၍ ၁၂ တန်းပညာရေးဖြစ်သော ပညာရေး စနစ်အသစ်ဖြင့် အပြည့်အဝအစားထိုးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၁,၇၅၁ ဦးရှိပြီး အောင်ချက်နှုန်းမှာ ၄၆.၈၈ ရာခိုင်နှုန်းရှိခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.