Connect with us

Education & Health

NLD နာယက ဦးတင်ဦး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီး ယခုလကုန် ဆေးရုံမှ ပြန်ဆင်းနိုင်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေအား သွားရောက်ကြည့်ရှုအားပေးစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေမှာ လက်ရှိကာလတွင် တိုးတက် ကောင်းမွန် လာမှုများရှိ၍ ယခု ဇွန်လကုန်ခန့်တွင် ဆေးရုံမှ ပြန်လည်ဆင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး အား သွားရောက် တွေ့ဆုံ၍ ကျန်းမာရေးအခြေအနေကို ကြည့်ရှုမေးမြန်းခဲ့အပြီး ယခုကဲ့သို့သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေသည် ပုံမှန်အတိုင်း ပြောဆိုလှုပ်ရှား နိုင်ရေးအတွက်မူ နေအိမ်၌ အချိန် အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ခန်းများ ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြောရောဂါ ခွဲစိတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြော ပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါ ခံစားရသဖြင့် မေ ၁၈ ရက်မှစ၍ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက် ဆေးဝါးကုသနေခြင်းဖြစ်ရာ ၎င်း၏ကျန်းမာရေး အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် တို့ သည် ဇွန် ၆ ရက်တွင်လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန် ၃ ရက်တွင်လည်းကောင်းသွားရောက်ကြည့်ရှု အားပေးခဲ့ပြီး နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယ အကြိမ်ထပ်မံသွားရောက် ကြည့်ရှု အားပေးခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.