Education & Health
ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်ပစ္စည်းများ အတွက် Online Booking မှတ်ပုံတင်ခြင်းများကို ဧပြီလ ၂၅ ရက်နေ့ မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်ပစ္စည်းများ အတွက် Online Booking မှတ်ပုံတင်ခြင်းများကို ဧပြီလ ၂၅ ရက်နေ့ မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။
ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်ပစ္စည်းဌာနခွဲ ၏ Online Booking ရယူရာတွင် user name(အသုံးပြုသူအမည်)၊ Password (လျှို့ဝှက်ကုတ်) ဖြင့်အသုံးပြု၍ လျှောက်ထားရန်အတွက် ကုမ္ပဏီများ အနေဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်းအတွက် လုံလောက်သောအချိန် နှင့် မှတ်ပုံတင်ခြင်းအရေအတွက်ရယူရန် အတွက် ၂၅.၄.၂၀၁၉ ရက်၊ နေ့လည် ၁၂ နာရီ တွင် Individual Online Booking (တစ်ဦးချင်းအွန်လိုင်းမှတ်ပုံတင်) များကို စတင်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Grouping Online-Booking အတွက်မူ user name(အသုံးပြုသူအမည်)၊ Password (လျှို့ဝှက်ကုတ်) များကို မှတ်ပုံတင်ခြင်းပြုလုပ်ပြီးချိန်မှစ၍ အသင်းအဖွဲ့လိုက်ရက်ချိန်းလျှောက်ထားနိုင်ကြောင်း နှင့် မိမိသွားရောက်ရမည့် ရက် ကို ဌာန ၏ E-mail([email protected]) မှတဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)