Connect with us

Education & Health

လူအများတွင် Heat Stroke အန္တရာယ်ရှိလာပါက ကုသပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်

နွေရာသီတွင် အပူဒဏ်ကာကွယ်ရန် ထီးဖြင့်သွားလာနေကြသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

လူအများတွင် Heat Stroke (အပူရှပ်) အန္တရာယ်ရှိလာပါက ကုသပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဗဟိုအဆင့်ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ ဆေးရုံပေါင်း ၈၃ ရုံခန့်ရှိပြီး ဗဟိုအဆင့်ဆေးရုံ ၁၈ ရုံ၊ တိုင်းဒေသကြီး အဆင့်ဆေးရုံ ၂၈ ရုံနှင့် တိုက်နယ်ဆေးရုံ ၃၇ ရုံတွင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

အပူဒဏ်အန္တရာယ်များနှင့် အခြားနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ မဖြစ်ပွားစေရန် ကြိုတင်ကာ ကွယ်ရေးနည်းလမ်းများ အားပြည်သူ အားလုံးမှ လိုက် နာဆောင်ရွက်ကြရန်နှင့် ဖြစ်ပွားမှုများ ရှိလာပါက ကျန်းမာရေးဌာန/ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ဆေးကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117