Environment, Disasters & Accidents
ကချင်ပြည်နယ်၌ ၂၂ဘီး ဆီဘောက်ဆာတွဲယာဉ် တိမ်းမှောက်

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မြောက်ဘက် လေးမိုင်ခန့်အကွာ ကြာကြီးကွင်းရွာတောင်ဘက်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ် ၂၇ ရက်နေ့က ၂၂ ဘီး ဆီဘောက်ဆာတွဲယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟိုပင်မြို့မြောက်ဘက်အထွက် ကြာကြီးကွင်းရွာအနီး မိုင်တိုင် ၂ဝ၂/၅ အနီးရှိ ကွန်ကရစ်တံတားအရောက်တွင် ရှေ့ဘက်မှ မောင်းနှင်လာသော ယာဉ်အား တိမ်းရှောင် ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက် တံတားလက်ရန်း အကာကွန်ကရစ်ခုံ အား တိုက်မိ၍ ကွန်ကရစ်ခုံကျိုးပဲ့ပြီး အောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကားတိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား ဟိုပင်ရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။(Xinhua)