Connect with us

Environment, Disasters & Accidents

ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၃ ဦး ဒဏ်ရာရရှိ

ဒိုင်နာယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ဒိုင်နာယာဉ် တိမ်းမှောက်မှုကြောင့် ၁၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၁ရး၃၀ နာရီ အချိန် ပြင်ဦးလွင်-မန္တလေး ကားလမ်း မိုင်တိုင်(၂၅/၅-၆)ကြား ကျောက်ကြမ်းကွေ့၌ နိုင်ထူး၊(၃၀)နှစ် နေသူ မောင်းနှင်လာသည့် MD 9M/×××× Honda ဒိုင်နာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ လဲကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း နိုင်ထူးမှာ ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒေါ်ခင်ဖော (၄၈)နှစ်တွင် နဖူး/ဝဲမျက်ခွံပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)နှင့် ဦးမောင်သန်း၊(၃၇)နှစ်ပါ ၁၂ ဦး(ကျား ၃၊ မ ၉)တို့တွင် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ပြင်ဦးလွင်ဆေးရုံသို့ တင်ပို့ခဲ့ပြီး နိုင်ထူးအား ပြင်စာရဲကင်းစခန်းက ယာဉ်(ပ) ၂၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉(ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.