Connect with us

Environment, Disasters & Accidents

ကျောင်းကုန်းတွင် အိမ်ခြေ၇၀၀ ကျော် နှင့် လယ်မြေတချို့ရေမြုပ်

ကျောင်းကုန်းတွင် ရေဝင်နေစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော်၊ စာသင်ကျောင်း ၁၂ ကျောင်းနှင့် လယ်မြေဧက ၂၂၀၀ရေနစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တွင် ဒါးကမြစ်ရေ လှံျတက်လာမှုကြောင့် သြဂုတ် ၇ ရက်နေ့ နံနက်တွင် ရေအမှတ် (၁၆.၆)ပေ သို့ ရောက် ရှိနေရာ ရပ်ကွက်(၂)ခု၊ကျေးရွာအုပ်စုကြီး(၃)ခုမှ ရွာခွဲ (၁၀) ရွာ စုစုပေါင်း အိမ်ခြေ(၇၀၀)ကျော် ရေနစ်မြုပ်ပြီး၊ အမှတ် (၃) ရပ်ကွက် ရှိ အိမ်ခြေ (၅၈)အိမ်၊လူဦးရေ(၂၁၆)ဦး မှာလည်း ထပ်မံရေ နစ်မြုပ် လျှက် ရှိရာ၊ရေလွတ်သည့်နေရာ သို့ ရွှေ့ပြောင်းပေးထား ကြောင်းနှင့် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရသည်။
ယနေ့ ထပ်မံ ရေနစ်မြုပ်သည့် စာသင်ကျောင်းမှာ အ.ထ.က (ဂုန်မင်း)ဖြစ် ၍ ကျောင်းကုန်းမြို့နယ်တွင် အထက်တန်းကျောင်း(၁)ကျောင်း၊ အထက် တန်းကျောင်း ခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်းခ (၁)ကျောင်း၊ မူလ တန်း ကျောင်း(၉)ကျောင်း၊စုစုပေါင်း စာသင်ကျောင်း(၁၂)ကျောင်း ယာယီ ပိတ် ထားပြီး ရေပြန် ကျသွားချိန်တွင် အစားထိုးသင်ကြားပေးသွားမည် ဖြစ်ကြောင်း ပညာရေးမှူး ရုံးမှ သိရသည်။
ကျောင်းကုန်းမြို့နယ် အတွင်း လယ်ဧက (၂၂၀၀) ဧက ရေနစ်မြုပ်သွား ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.