Connect with us

Environment, Disasters & Accidents

ရထားလမ်းကူးခုံးကျော်များ၌ ထိခိုက်/ဒဏ်ရာရမှုများ မဖြစ်စေရေး ခြေ ကျင်လျှောက်သူများနှင့် ယာဉ်မောင်း သူများ သတိပြုလိုက်နာရန် မြန်မာ့မီးရထားမှ အသိပေးကြေညာ

ရန်ကုန်ဘူတာကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် သြဂုတ် ၈

ရထားစီးခရီးသည်များ၊ ရထားလမ်းတစ်လျှောက်နေထိုင်သူများနှင့် ကားလမ်းကူး/ လှည်းလမ်းကူးများတွင် ရထားဖြင့်ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ် လျက်ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း မတော်တဆမှု ဒဏ်ရာရရှစ်ဦး၊ သေဆုံးတစ်ဦး၊ စည်းကမ်းမလိုက်နာမှု ဒဏ်ရာရ ၂၂ ဦး၊ သေဆုံး ၂၉ ဦး စုစုပေါင်း ဒဏ်ရာရ ၃ဝ၊ သေဆုံး ၃ဝ ရှိခဲ့ကြောင်း မြန်မာ့ မီးရထားမှ ကြေညာချက်ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ ရထားစီးခရီးသည်များ၊ ရထားလမ်းတစ်လျှောက်နေထိုင်သူများ နှင့် ကားလမ်းကူး/လှည်းလမ်းကူးများတွင် ရထားဖြင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများမဖြစ်ပေါ်စေရန်အတွက် ရထားလမ်းကူးခုံးကျော် (Level Crossing) များ၌ ထိခိုက်/ဒဏ်ရာရ/သေဆုံးခြင်းများ မဖြစ်ပေါ်စေရေးအတွက် ခြေကျင်ဖြတ်ကူးသူများ၊ ယာဉ်အမျိုးမျိုးမောင်းနှင်သူများ သတိပြုလိုက်နာရန် ဖော်ပြပါအချက်များ လိုက်နာကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားသည်။
ရထားလမ်းကူးခုံးကျော်(Level Crossing) များ၌ ထိခိုက်/ဒဏ်ရာရ/ သေဆုံးခြင်းများမဖြစ်ပေါ်စေရေးအတွက် ခြေကျင်ဖြတ်ကူးသူများ၊ ယာဉ်အမျိုးမျိုး မောင်းနှင်သူများ အနေဖြင့် ရထားလမ်းကူးများတွင် အလျင်စလိုဖြတ်ကူးခြင်း၊ ရထားလာနေခြင်း ရှိ/ မရှိကို ဂရုမပြုဘဲဖြတ်ကူးခြင်း၊ ဆင်ခြင်ကင်းမဲ့စွာ မောင်းနှင်ဖြတ်ကူးခြင်းများ ကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးနိုင်ကြောင်း၊ ရထားလာနေသည်ကို မြင်တွေ့လျက်နှင့် ရထားလမ်းကူးခုံးကျော်များကို အလျင်စလိုဖြတ်မကူး သင့်ကြောင်း၊ ရထားဖြင့်တိုက်မိပြီး သေဆုံးနိုင်ကြောင်း ၊ခြေကျင်ဖြတ်ကူးသူများသည် (ပုဆိုး၊ စောင်၊ ပဝါများ) ပတ်ထားပြီး ရထားလမ်း အနီးကပ်၍ရပ်မနေသင့်ကြောင်း၊ (ပုဆိုး၊ စောင်၊ ပဝါများ) လေဟပ်၍ ရထားနှင့်ငြိပြီး ပါသွားလျှင် သေနိုင်ကြောင်း သိရသည်။
ထို့အပြင် ဂိတ်တံခါးပိတ်ထားစဉ် ဂိတ်ဘေးဝဲ/ယာရှိနေရာများမှဝင်၍ ဇွတ်လမ်းဖြတ်ကူးပါက ရထားတိုက်မိပြီး သေဆုံးနိုင်ကြောင်း၊ ဂိတ်တံခါးအား တွန်းဖွင့်၍လည်းကောင်း၊ မောင်းတံတံခါးအောက်မှ ငုံ့ဝင်၍ လည်းကောင်း ဖြတ်ကူးပါက ရထားဖြင့်ထိခိုက်မိပြီး သေဆုံးနိုင်ကြောင်း၊ စက်တပ်ယာဉ် (မော်တော်ကား၊ ထော်လာဂျီ၊ သုံးဘီး၊ ဆိုင်ကယ်၊ ထွန်စက်၊ ဂွန်ဒေါင်း) စသည့် မောင်းနှင်သူများသည် ဂိတ်ပိတ်ထားသည်ကို မြင်လျှင် ဂိတ်မရောက်မီရပ်သင့်ကြောင်း၊ အရှိန်ဖြင့် ဂိတ်တံခါးအနီးသို့ ဝင်ရောက်လာခြင်း မပြုသင့်ကြောင်း ၊အရှိန်လွန်၍ ဂိတ်တံခါးအား တိုက်မိကာ ထိခိုက်ဒဏ်ရာရနိုင်သည့်အပြင် ရထားနှင့်တိုက်မိ၍လည်း သေဆုံးနိုင်ကြောင်း ၊ ဂိတ်စောင့်မရှိသော ရထားလမ်းကူးခုံးကျော်များတွင် ဖြတ်မကူးမီရပ်သင့်ကြောင်း၊ ရထားလာနေခြင်း ရှိ/မရှိ ဘေးဘယ်/ညာကြည့်ရှု၍ ရထားဖြတ်သန်းရန် မရှိကြောင်းသေချာမှ ဖြတ်သင့်ကြောင်း၊ စက်တပ်ယာဉ် မောင်းနှင်သူများသည် ရထားလမ်းကူးခုံးကျော်များတွင် ဂိတ်စောင့်မရှိခြင်း၊ ဂိတ်တံခါးမပိတ်ခြင်းများ တွေ့ရှိပါက ရထားလာနေခြင်း ရှိ/မရှိ ရပ်တန့်ကြည့်ရှုပြီးမှသာ ဖြတ်ကူးသင့်ကြောင်း သတိပေးချက်ထဲတွင်ပါရှိသည်။
ရထားလာနေသည်ကို တွေ့မြင် လျက်နှင့် လွတ်မည်အထင်နှင့် အလျင်စလိုဖြတ်မကူးသင့်ကြောင်း၊ ရထားနှင့်မလွတ် ကင်းဘဲ တိုက်မိလျှင် သေဆုံးနိုင်ကြောင်း၊ရထားလမ်းကူးနေရာတွင် (ဝဲ/ယာ) မြင်ကွင်းကွယ်နေပါက ရထားလာနေခြင်း ရှိ/မရှိ သတိမမူဘဲ ဆင်ခြင်မှုကင်းမဲ့စွာ ဖြတ်မကူးသင့်ကြောင်း၊ ဖြတ်ကူးပါက ရထားတိုက်မိပြီး သေဆုံးနိုင်ကြောင်း သိရသည်။
ရထားလမ်းကူးနေရာမရောက်မီ တပ်ဆင်ထားသော သတိပေးဘုတ်တိုင်များ အား ဂရုမပြု/သတိမမူဘဲဖြတ်မကူးသင့်ကြောင်း၊ ရထားလာနေသည်နှင့် ကြုံတွေ့ ပါက တိုက်မိပြီး သေဆုံးနိုင်ကြောင်း သိရသည်။ ခြေကျင်သွားလာဖြတ်ကူးသူများ၊ ယာဉ်အမျိုးမျိုးမောင်းနှင်ဖြတ်ကူးသူများ သည် အစောင့်မရှိသော ရထားလမ်းကူးအား ဖြတ်သန်းသွားလာစဉ် လက်ကိုင် ဖုန်းပြောဆိုခြင်း၊ နားကြပ်ဖြင့်သီချင်းနားထောင်ခြင်းများ မပြုလုပ်သင့်ကြောင်း၊ ရထားသံကိုမကြားရဘဲဖြတ်ကူးမိလျှင် တိုက်မိပြီးသေနိုင်ကြောင်း မြန်မာ့ မီးရထားက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.