Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေနည်းကာလအတွင်း ရေယာဉ်များအနေဖြင့် ရေလမ်းကြောင်းများအတိုင်း စနစ်တကျမောင်းနှင်ကြရန် လိုအပ်

ရေယာဉ်အမှတ်အသားပြအမှတ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်ရေနည်းကာလအတွင်း ကုန်တင်ရေယာဉ်များနှင် လူစီးအမြန်ရေယာဉ်များ ရေကြောင်းပြ အမှတ်အသားများ ပြသထားသည့် ရေလမ်းကြောင်းများအတိုင်း စနစ်တကျမောင်းနှင်ကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ချင်းတွင်းမြစ်ကြောင်းတွင် နှစ်စဉ် နိုဝင်ဘာလမှ မေလအထိကို ရေနည်းကာလအဖြစ် သတ်မှတ်ထားသော ၎င်းကာလတွင် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများ၌ မြစ်ကြောင်းကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် လမ်းခရီးတွင် ရေယာဉ်များသောင်တင်မှုများ ဖြစ်ပေါ်မှုမရှိစေရန်အတွက် တိုင်းဒေသကြီးရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ ရေကြောင်းပြ အမှတ်အသားများကို ချထားပေးခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.